Connect with us

Hi, what are you looking for?

သတင်း

ညောင်ရွှေတိုက်ပွဲ PNOပြည်သူ့စစ်စခန်း နှစ်ခုရ၊ ပြည်သူ့စစ် ၁၅ဦးထက်မနည်းသေဆုံးဟုဆို

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်စခန်းနှစ်ခုရရှိပြီး ပြည်သူ့စစ် ၁၅ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းများ ရရှိကြောင်း ကရင်နီတော်လှန်ရေးအင်အားစု တာဝန်ရှိသူထံမှ သိရသည်။

ရှမ်းတောင်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများသိမ်းပိုက်ခဲ့သည့် လွယ်လုံရွာမှ PNO စခန်းအားတွေ့ရစဥ်။ ဓာတ်ပုံ - The Dragon

ရဲခေါင်/People’s Spring

ညောင်ရွှေမြို့နယ်၊လွယ်လုံကျေးရွာအနီး PNO စခန်းနှစ်ခုကို ဇူလိုင် ၁၈ ရက်က သိမ်းပိုက်ရရှိခဲ့ခြင်းဟု ဆိုသည်။

“လက်နက်ကြီး၊ငယ် ၁၀လက်ကျော်ရတယ်။ ပူးပေါင်းတပ်မှ ထိခိုက်ပေးဆပ်မူရှိတယ်”ဟု အထက်ပါတာဝန် ရှိသူကပြောသည်။

Public Service Announcement

Public Service Announcement

ဇွန်လဆန်းပိုင်းကစတင်ခဲ့သော ရှမ်းတောင်နှင့် ကရင်နီပြည်သို့ စစ်ကောင်စီတပ်နှင့် PNO ၏ တစ်ဖတ်သတ်ထိုးစစ်ကို တော်လှန်ရေးအင်အားစုများက ဇူလိုင် ၁၈ ရက်ကစ၍ တန်ပြန်ထိုးစစ် ဆင်နေခြင်း ဖြစ်သည်။

ညောင်ရွှေမြို့နယ်ရှိ စံကားနှင့် ဆည်ခေါင်းကျေးရွာတို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဇူလိုင် ၂၀ရက်တွင် လေကြောင်း တိုက်ခိုက်ခဲ့သည်။

လက်ရှိ ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ရှောင်ဒေသခံ တစ်သောင်းကျော်ရှိနေကြောင်းလည်း Voice Of Pinlaung တာန်ရှိသူက လူထုနွေဦးသို့ အသိပေးသည်။

(ရှမ်းတောင်နှင့် ကရင်နီတော်လှန်ရေးအင်အားစုများသိမ်းပိုက်ခဲ့သည့် လွယ်လုံရွာမှ PNO စခန်းအားတွေ့ရစဥ်။ ဓာတ်ပုံ – The Dragon)

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ် ကဒူးကြီးကျေးရာအုပ်စုက ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်တဲ့ PNOက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ထွက်ဆိုတဲ့ ရုပ်သံကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ လက်အောက်ခံ PNOပြည်သူ့စစ်က နောင်ထော်ကယန်းပိုင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် ရုပ်သံမှတ်တမ်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ယနေ့ ဩဂုတ် ၁၇ရက် ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီနှင့်လက်အောက်ခံ PNOပြည်သူ့စစ်မှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်တိုက်ခိုက်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။