Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံသို့ စစ်လက်နက်တင်ပို့ခြင်းကို တောင်အာဖရိက တရားရုံးချုပ်ကတားမြစ်မိန့်ထုတ်

မြန်မာနိုင်ငံကို လက်နက်တင်ပို့ခွင့်များကို တောင်အာဖရိက တရားရုံးချုပ်က ပယ်ဖျက်ကြောင်း လက်နက်တင်ပို့မှုဆိုင်ရာ အထင်ကရအမိန့်ကို ထုတ်ပြန်လိုက်သည်ကြောင်း Justice For Myanmarက ယနေ့(ဇူလိုင် ၂၁)ထုတ်ပြန်သည်။

တောင်အာဖရိက စစ်လက်နက်နှင့်ဆက်စပ်ပစ္စည်းများ။ ဓါတ်ပုံ-AP

စောနွေဦး/People’s Spring

မြန်မာနိုင်ငံကို လက်နက်တင်ပို့ခွင့်များကို တောင်အာဖရိက တရားရုံးချုပ်က ပယ်ဖျက်ကြောင်း လက်နက်တင်ပို့မှုဆိုင်ရာ အထင်ကရအမိန့်ကို ထုတ်ပြန်လိုက်သည်ကြောင်း Justice For Myanmarက ယနေ့(ဇူလိုင် ၂၁)ထုတ်ပြန်သည်။

တောင်ပိုင်းအာဖရိကတရားစင်တာ(SALC)က သမားရိုးကျလက်နက်ထိန်းချုပ်ရေးအမျိုးသားအဆင့်ကော်မတီ (NCACC)က ခွင့်ပြုထားသည့်မြန်မာနိုင်ငံကို စစ်လက်နက်လွှဲပြောင်းရောင်းမှုများကို လုပ်နိုင်သည့်ခွင့်ပြုမိန့်များကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါလျှောက်ထားမှုကို လူ့အခွင့်အရေးဆိုင်ရာရှေ့နေများအဖွဲ့ (LHR)က SALC ကို ကိုယ်စားပြုလျှောက်ထားခဲ့ခြင်းဖြစ်သည်။ SALC သည် ယခုတိုင်ကြားချက်ကို တရားရုံးချုပ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် တင်သွင်းခဲ့သည်။

ထိုအမိန့်တွင် NCACCတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သော အစိုးရအပြောင်းအလုပ်ထားခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ သိုမဟုတ် လူမျိုးတုံးသတ်ဖြတ်မှု တစ်ခုခု ကျူးလွန်ထား

သည်ဟု သံသယဖြစ်ခံထားရသည့် နိုင်ငံတစ်ခုကို စစ်လက်နက်တင်ပိုခွင့်မှန်သမျှကို ဆိုင်းငံ့ထားရန် တာဝန်တစ်ရပ်ရှိသည်ဟုဆိုထားသည်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်အာဏာသိမ်းမှုရှိနေတဲ့ နိုင်ငံတစ်ခုဆီကို စစ်လက်နက်တင်ပိုတာတွေဟာ တရား

မဝင်တဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံမှာ တာဝန်ယူ၊ တာဝန်ခံမှု ပိုမိုကောင်းမွန်တဲ့ စစ်လက်နက်ကုန်သွယ်ရေးစနစ်တစ်ရပ် ဖန်တီးဖော်ဆောင်ရာမှာ အခုအမိန့်က အရေးပါလှပါတယ်။”ဟုSALC ၏ နိုင်ငံတကာတရားမျှတရေးဌာန ခေါင်းဆောင်ဖြစ်သူ Dr Atilla Kisla က ပြောသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က အခုအမိန့်က မြန်မာပြည်သူများအတွက် ကာကွယ်ပေးသည့်အတွက် တရားရုံးချုပ်၏ စီရင်ချက်ကို ကြိုဆိုသည်ဟုဆိုထားသည်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသို စုစုပေါင်း

ရွန်ငွေ ၂၁၅,၇၃၅,၆၇၇ (အမေရိကန်ဒေါ်လာ ၁၁,၈၆၆,၂၁၆) တန်ဖိုးရှိသည့် စစ်လက်နက်များ တင်ပိုခဲ့သည်။

ဆက်စပ်သတင်းများ