Connect with us

Hi, what are you looking for?

သတင်း

ဆင်ရွာရေတံခွန်လည်ပတ်သည့် အမျိုးသမီးငယ် တစ်ဦး ရေစီးနှင့်မျောပါ သေဆုံး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဆင်ရွာရေတံခွန် လာရောက်လည်ပတ်သည့် ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦး ရေစီးနှင့်မျောပါ သေဆုံးသွားခဲ့သည်။

အမျိုးသမီးငယ်တစ်ဦး ရေစီးနှင့်မျောပါပြီးနောက် ဆယ်ယူနေစဉ်။ ဓာတ်ပုံ - ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်း

မိထက်/People’s Spring

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဆင်ရွာရေတံခွန် လာရောက်လည်ပတ်သည့် ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦး ရေစီးနှင့်မျောပါ သေဆုံးသွားခဲ့သည်။

အသက်(၁၅)နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် ယမန်နေ့(ဇူလိုင် ၂၁ရက်)က ၎င်း၏သူငယ်ချင်းများနှင့်အတူ ဆင်ရွာရေတံခွန်သို့ လာရောက်လည်ပတ်စဉ် ရေစီးနှင့်မျောပါသွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဓာတ်ပုံရိုက်ရင်း ကျောက်တုံးပေါ်ကနေ ခြေ‌ ချော်ကျသွားတာ။ ရေစီးကြမ်းတော့ ဆယ်လို့မရဘူး။အလောင်းကို ဒီနေ့မနက်မှာရတယ်”ဟု လူမှုကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ယနေ့ (ဇူလိုင် ၂၂ ရက််)တွင် ပြောသည်။

သေဆုံးသူအမျိုးသမီးသည် ရေစီးနှင့်မျောပါချိန်၌ ၎င်း၏သူငယ်ချင်းတစ်ဦးနှင့်အတူဖြစ်သော်လည်း အဆိုပါသူငယ်ချင်းသည် ရေစီးအတိုင်းမျောပါသွားခဲ့ကြောင်း၊ ၎င်းမှာမူ ကျောက်တုံးကြားတွင် ညပ်ကျန်ခဲ့ပြီး ဒဏ်ရာရရှိကာ သေဆုံးခဲ့ခြင်း သတင်းရရှိသည်။

မွန်ပြည်နယ်အတွင်း ယခုရက်ပိုင်း၌ ပုံမှန်ထက်မိုးကောင်းနေပြီး ဒေသတွင်းရှိ ရေတံခွန်များ၌ လာရောက်လည်ပတ်ပါက သတိပြုကြရန် ဒေသခံများကသတိပေးသည်။

ပေါင်မြို့နယ်တွင် စနေ၊တနင်္ဂနွေရုံးပိတ်ရက်များ၌ လူငယ်အများအပြားလာရောက်လည်ပတ်လည် လေ့ရှိသည့် နေ‌ရာအဖြစ် ဆင်ရွာရေတံခွန်အပြင် ဇင်းကျိုက်ရေတံခွန်လည်း ရှိသည်။

ဆက်စပ်သတင်းများ