Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ-နွားထိုးကြီး-ပြင်စည်လမ်းပိုင်း ယနေ့ည ယာယီပိတ်

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီး-ပြင်စည်လမ်းပိုင်းအား ယနေ့ညပိုင်းမှစတင်ကာ ယာယီပိတ်ထားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းတနေရာ၌ PDF ရဲဘော်တစ်ဦးအား ယမန်နှစ်အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-NPDF

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီး-ပြင်စည်လမ်းပိုင်းအား ယနေ့ညပိုင်းမှစတင်ကာ ယာယီပိတ်ထားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယနေ့ (ဇူလိုင် ၂၂ ရက်) ည ၇ နာရီခွဲမှ (မနက်ဖြန် ဇူလိုင် ၂၃ရက်) နံနက် ၆နာရီအတွင်း
မြင်းခြံ- နွားထိုးကြီး-ပြင်စည်လမ်းပိုင်းအား
ယာဉ်များအားလုံး ဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း မြင်းခြံပကဖ၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေရဲ့ လုံခြုံရေးအတွက်ပါ။”ဟု မြင်းခြံပကဖ၏ တာဝန်ရှိသူက ပြောသည်။

ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွတ်ပေးကြရန်နှင့် လိုက်နာမှုမရှိပါက တာဝန်ယူဖြေရှင်း ပေးမည်မဟုတ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက အသိပေးထားသည်။

ယမန်နေ့က နွားထိုးကြီးမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်းပိုင်းတနေရာ၌ စစ်ကောင်စီယာဥ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က စစ်တပ်အထိုင်စခန်းနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး သေဆုံးပြီး ဒရုန်း ၁စီး သိမ်းရခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးဖို့ ပြုလုပ်နေပြီး ဖျက်ဆီးသူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူးလို့ မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှူးက သတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။