Connect with us

Hi, what are you looking for?

သတင်း

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကြိုးပေးကွပ်မျက်မှု အမှတ်အသားပြုလုပ်ထားဟု အမေရိကန်သံရုံး ထုတ်ပြန်

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီ၊ အဆိုတော် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်မှု (၂)နှစ်ပြည့်အဖြစ် အမှတ်အသားပြုလုပ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယနေ့ ထုတ်ပြန်သည်။

အာဏာရှင်ကြောင့် သေဆုံးသူများကို ဂုဏ်ပြုသည့်အနေဖြင့် ကျောက်တုံး ၅,၄၀၀ ထားရှိဟုဆို

-People’s Spring

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုဂျင်မီ၊ အဆိုတော် ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်မှု (၂)နှစ်ပြည့်အဖြစ် အမှတ်အသားပြုလုပ်ကြောင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ယနေ့ ထုတ်ပြန်သည်။

” စစ်အာဏာရှင်အဖွဲ့အစည်းက ကိုဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင်နှင့် အောင်သူရဇော်တို့ကို ကွပ်မျက်မှု နှစ်နှစ်ပြည့်မြောက်ခြင်းကို အမေရိကန်သံရုံးက အမှတ်အသားပြုပါသည်”ဟု အမေရိကန်သံရုံးက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အာဏာရှင်အဖွဲ့အစည်းကြောင့် အသက်သေဆုံးခဲ့ကြရသူများအား ဂုဏ်ပြုထားသည့် အမေရိကန်သံရုံး၌ ကျဆုံးသူများအမှတ်တရအထိမ်းအမှတ်နေရာတွင် ယနေ့အထိကျောက်တုံးပေါင်း ၅,၄၀၀ နီးပါးကို ထားရှိကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှစတင်ပြီး တဟုန်ထိုးမြင့်တက်လာသည့် မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံးအတွက် အမေရိကန်က ပူဆွေးသောက ရောက်ရသည်ဟုလည်း ဖော်ပြထားသည်။

စစ်ကောင်စီက ကိုဂျင်မီကို ၂၀၂၁ အောက်တိုဘာတွင် မြောက်ဒဂုံမြို့နယ် ပင်လုံအိမ်ရာ၌ ဖမ်းဆီးခဲ့ပြီး၊ ကိုဖြိုးဇေယျာသော်ကို ၂၀၂၁ နိုဝင်ဘာ ၁၈ ရက်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ရာတွင် ဖမ်းဆီးခဲ့ပြီးနောက် ၂၀၂၂ ဇန်နဝါရီ ၂၁ ရက်တွင် စစ်ကောင်စီက စစ်ခုံရုံးဖြင့် သေဒဏ်ချမှတ်ခဲ့သည်။

ထို့နောက် စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် လေးဦးကို သေဒဏ် ကြိုးပေး စီရင်လိုက်ပြီဟု ၂၀၂၂ ဇူလိုင် ၂၅ ရက်တွင် ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

ကဗျာ

သူ့အကြောင်း တွေးမိရင်ကို ပေါ်လာတဲ့ ဝိသေသတွေက ထင်းခနဲပဲ။သူက နိုင်ငံရေးမှာ ပါတီကို အာရုံမကျဘူး။မတရားမှုမှန်သမျှကို ခါးခါးသီးသီးမုန်းတယ်၊ တွန်းလှန်တယ်၊တရားတာကို မြတ်နိုးတယ်။တရားတဲ့သူသာ နိုင်ကြေးဟေ့ဆိုတာ သူ့အဘိဓမ္မာဘဲ။သူက ဘယ်တုန်းကမှ တစ်ကိုယ်ကောင်း မဆန်ခဲ့ဘူး။ရဲဘော်ရဲဘက်စိတ် အပြည့်နဲ့လူ။လိုအပ်နေတဲ့သူတွေကို ကူညီပေးရမယ်ဆိုတာ သူ့နိုင်ငံရေးပဲ။သူ နိုင်သလောက် ကူတယ်၊ကူနိုင်တဲ့သူတွေကိုလည်း ကူကြဖို့ တွန်းအားပေးတယ်။အဲ့ဒါ သူ့ဗီဇ။ကျွန်တော်အရမ်းကြိုက်ပြီး...

ဆောင်းပါး

နိုင်ငံကကြွေကွဲရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ နောက်ဆုံးခရီး

နိုင်ငံတကာ

ကူဝိတ်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန် သံရုံးကို ပိတ်ထားလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

မြို့တော် ရီယတ်ဒ်မှာ ရှိနေတဲ့ အမေရိကန် သံရုံးဟာ ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုတချို့ ကြုံခဲ့ကြောင်း ဆော်ဒီအာရေးဘီးယား အစိုးရက အတည်ပြုခဲ့ပါတယ်။