Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင် ယာယီသမ္မတတာဝန်ရယူမှု ဂုဏ်သိက္ခာမဆည်နိုင်သည့်လုပ်ရပ်၊ စည်းဘောင်မရှိ ယောက်ယက်ခတ်နေမှုကို ပြသခြင်းဟု တိုင်းရင်းသားခေါင်းဆောင်အချို့ ပြော

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကိုယ့်ကိုယ်ကို ယာယီသမ္မတ တာဝန်များ လွှဲပြောင်းရယူမှုသည် ဂုဏ်သိက္ခာပင်မဆည်နိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မှတ်ချက်ပြုသည်။

ထားမြတ်/People’s Spring

စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကိုယ့်ကိုယ်ကို ယာယီသမ္မတ တာဝန်များ လွှဲပြောင်းရယူမှုသည် ဂုဏ်သိက္ခာပင်မဆည်နိုင်သည့် လုပ်ရပ်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက မှတ်ချက်ပြုသည်။

စစ်ကောင်စီသည် ယာယီသမ္မတ ဦးဟင်နရီဗန်ထီးယူကို ဧပြီတွင်တာဝန်မှ အနားယူစေပြီး ဇူလိုင်လတွင် ယာယီသမ္မတ ဦးမြင့်ဆွေကို ကျန်းမာရေးမကောင်းဟုဆိုကာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို ယာယီသမ္မတ တာဝန်လွှဲပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အစိုးရတစ်ရပ်၏ ခေါင်းဆောင်နေရာကို ရယူရာ၌ နည်းလမ်းနှစ်မျိုးတွေ့ရပြီး ပထမနည်းမှာ အများပြည်သူလူထုက ယုံကြည်စွာ ရာထူးတာဝန်၀တ္တရားများပေးအပ်ခြင်းဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

” ဒုတိယတစ်ခုကတော့ ကိုယ့်ဟာကိုယ်ပဲ အဲဒီ တာဝန်၀တ္တရားတွေ၊ ရာထူးရာခံ တွေကို ရယူတဲ့နည်းပေါ့။ အဲဒီ ကိုယ့်ဟာကိုယ် ရယူတဲ့နည်းမှာဆိုရင်လည်း နှစ်မျိုးထပ်ကွဲပြန်ရော။ ပထမ တစ်မျိုးက တကယ် ယုံယုံကြည်ကြည်နဲ့ တိုင်းသူပြည်သားတွေရဲ့အကျိုးအလို့ငှာ ကိုယ်ကိုယ်တိုင်က တာဝန်ယူပြီး အပြည့်အ၀ ဆိုးကျိုးကောင်းကျိုးတွေအကုန်လုံး တိုင်းပြည်အကျိုးအတွက် ရည်ဇူးပြီးလုပ်သွားတဲ့ဟာတစ်ခုပေါ့။ နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် လုပ်တယ်ဆိုပေမယ့်လည်း အဲဒီ ရာထူးရာခံတွေရော တာဝန်၀တ္တရားတွေရောက ပြည်သူတွေရဲ့ အကျိုးလား ကိုယ့်ရဲ့အကျိုးလား အများပြည်သူလည်း သိနေကြတာပဲလေ။ အခုက အဲဒီကိစ္စမှာ ဘယ်လိုဟာမျိုးလည်းဆိုတာ ရှင်းရှင်းလင်းလင်းမြင်နေရတယ်လေ။ အဲဒါ ဂုဏ်သိက္ခာတောင် ဘယ်လိုမှ မဆည်နိုင်ဘဲနဲ့ လုပ်လိုက်တဲ့ကိစ္စကတော့ ကျနော်တို့ ဘာမှပြောစရာတော့မရှိပါဘူး”ဟု ပဒိုစောတောနီးက ပြောသည်။

ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း စစ်ကောင်စီခေါင်းဆောင်၏ လုပ်ရပ်သည် ၎င်းတို့လက်ခံထားသည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုယ်တိုင်ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောသည်။

” သူတို့ လက်ခံထားတဲ့ ၂၀၀၈ကို ကိုယ်တိုင် ချိုးဖောက်ပြီး တရားဝင်အစိုးရ မဟုတ်ကြောင်း စည်းမရှိ ဘောင်မရှိ ယောက်ယက်ခတ်နေမှုကို ပြသတာပဲ”ဟု ဆလိုင်းထက်နီက ပြောသည်။

ယခုကဲ့သို့ စစ်ခေါင်းဆောင်က ယာယီသမ္မတ တာဝန်များကိုရယူခဲ့သော်လည်း လက်ရှိ အခြေအနေများ ထူးခြားပြီး အပြောင်းအလဲ ဖြစ်စရာမရှိဟု နိုင်ငံရေးလေ့လာသူအချို့က မှတ်ချက်ပြုသည်။

မင်းအောင်လှိုင်သည် ၎င်းဖြစ်ချင်သည့် သမ္မတနေရာကို အရှက်မရှိရယူခြင်းဖြစ်သည်ဟုလည်း သုံးသပ်မှုများ ရှိသည်။

လက်ရှိတွင် စစ်ကောင်စီသည် ရက္ခိုင်၊ ကချင်၊ ရှမ်းမြောက်၊ ကရင်၊ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးအပါအဝင် နိုင်ငံတဝန်းတွင် စစ်မျက်နှာများစွာ ရင်ဆိုင်နေရပြီး စစ်ရေးအရ အရှုံးများရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။