Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့သိမ်းတိုက်ပွဲမြင်ကွင်းများ မန္တလေး PDF ထုတ်ပြန်

ဓာတ်ပုံ - မန္တလေး PDF

ဇေအောင်/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ဦးဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် ဇူလိုင် ၂၄ရက် ညနေ ၅နာရီဝန်းကျင်တွင် မိုးကုတ်မြို့အား အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်း မန္တလေး PDFက ဓာတ်ပုံများဖြင့် ထုတ်ပြန်သည်။

မိုးကုတ်စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဒရုန်းတပ်ဖွဲ့သည် မဟာမိတ်များနှင့် ဟန်ချက်ညီညီ လက်တွဲ၍ စစ်ဆင်ရေးများကို ဖော်ဆောင်ခဲ့နိုင်ခဲ့သည်ဟု မန္တလေး PDFက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆင်နွှဲနေသော စစ်ဆင်ရေးများတွင် တတိယမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်ဟု ထပ်မံ အသိပေးထားသည်။

အာဏာသိမ်းစစ်တပ်၏ လပခ လက်အောက်ခံ ခလရ – ၇၈၊ ခလရ – ၈၈နှင့် ခလရ-၁၄၈ တပ်များစခန်းချထားသည့် မိုးကုတ်မြို့သိမ်းတိုက်ပွဲမှ စစ်သုံ့ပန်း ၃၀ကျော်ကို ဖမ်းဆီးရမိထားကြောင်း၊ ထို့အပြင် အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံ ၇၃လက် ၊ ၁၂၀ မမ ၂လက် ၊ ၆၀ မမ ၁၁လက် ၊ ၈၁ မမ ၁လက် ၊ ငါးကြင်းမှီး ၃လက် ၊ ပွိုင့်ဖိုက် ၁လက် ၊ RPG ၂လက်နှင့် တခြားခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း TNLAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့