Connect with us

Hi, what are you looking for?

သတင်း

လားရှိုးနှင့် သိန္နီမြို့ကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်

ဇူလိုင် ၂၅ရက် ညနေပိုင်းတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် အဆောက်အအုံထိခိုက် ပျက်စီးမှုများ ရှိခဲ့ပြီး လူထိခိုက်သေဆုံးရှိ၊မရှိ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လားရှိုးမြို့ တနေရာ လေကြောင်းတိုက်ခိုက်ခံရပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နှင့်သိန္နီမြို့ကို စစ်ကောင်စီက ယနေ့ ညနေပိုင်း၌ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၂၅ရက် ညနေပိုင်းတွင် လေကြောင်း တိုက်ခိုက်မှုကြောင့် အဆောက်အအုံထိခိုက် ပျက်စီးမှုများ ရှိခဲ့ပြီး လူထိခိုက်သေဆုံးရှိ၊မရှိ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

“လားရှိုးက အခုလေးတင် လေယာဉ် ဗုံးကြဲသွားတယ်။ သိန္နီလည်း အခုပဲကြဲသွားတယ်တဲ့။ သိန္နီ ရှင်းလီဟိုတယ် ထိသွားတယ်။ လမ်းတွေလည်း ပျက်စီးကုန်ပြီတဲ့။ထိခိုက်မှုတော့ မသိလောက်ဘူး။ နေရာဝေးတယ်။ သိန္နီမှာက ရဲစခန်းမှာလည်း ထိတယ်တဲ့”ဟု သတင်းရင်းမြစ်က ပြောသည်။

သိန္နီမြို့ကို ကိုးကန့်တပ်မတော်(MNDAA)က သိမ်းပိုက်ထားခြင်းဖြစ်ပြီး လားရှိုးမြို့ကိုလည်း သိမ်းနိုင်ပြီ ဖြစ်ကြောင်း MNDAAက ယနေ့ မနက်တွင် ကြေညာထားသည်။

သို့ရာတွင် လားရှိုးမြို့၌ တိုက်ပွဲများဆက်ဖြစ်နေကြောင်း ဒေသသတင်းရင်းမြစ်နှင့် စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

MNDAAက လားရှိုးမြို့ကို ဇူလိုင် ၃ရက်က စတင်ထိုးစစ်ဆင်ခဲ့ပြီးသည့်နောက်ပိုင်းစစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိသည့် သိန္နီကို လေကြောင်း တိုက်ခိုက်မှုမကြာခဏ လုပ်ဆောင်ခဲ့၍ အရပ်သားထိခိုက်မှုများ ရှိခဲ့သည်။

(လားရှိုးမြို့ တနေရာ လေကြောင်းတိုက်ခိုက်ခံရပြီး တွေ့ရစဉ်။ ဓာတ်ပုံ – CJ

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။