Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်အမြန်လမ်း၌ ရေဝပ်နေစဉ် အိမ်စီးကားတစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး နှစ်ဦးသေဆုံး

အမျိုးသားသုံးဦး လိုက်ပါလာသည့် အိမ်စီးကားတစ်စီးသည် မောင်းနှင်နေစဉ် လမ်းဘေးသို့ အရှိန်လွန်ရောက်ရှိသွားပြီးလမ်းမဘေးရှိ Guard Railတန်းအား တိုက်မိခြင်းဟု ဆွာမြို့ ဒေသခံတစ်ဦးက ပြောသည်။

နေပြည်တော် အမြန်လမ်း၌ အိမ်စီးကားတစ်စီးတိမ်းမှောက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MFSD

ဇော်ရမ်း/People’s Spring

ရန်ကုန် – နေပြည်တော်အမြန်လမ်း၊ ဆွာမြို့လမ်းပိုင်း၊ မိုင်တိုင်အမှတ် ၁၇၁အနီးတွင် မိုးသည်းထန်နေပြီး ရေဝပ်နေစဉ် အိမ်စီးကားတစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး ကားပေါ်ပါသူ နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့သည်။

အမျိုးသားသုံးဦး လိုက်ပါလာသည့် အိမ်စီးကားတစ်စီးသည် မောင်းနှင်နေစဉ် လမ်းဘေးသို့ အရှိန်လွန်ရောက်ရှိသွားပြီးလမ်းမဘေးရှိ Guard Railတန်းအား တိုက်မိခြင်းဟု ဆွာမြို့ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“မနက် ၆နာရီကျော်လောက်က ဖြစ်တာ။ မိုးကရွာနေပြီး တချို့နေရာတွေ ရေဝပ်နေတယ်။ အရှိန်များရင် ကားကလမ်းဘေးဆွဲ ဆွဲချသွားတာ။ ဒီရက်တွေထဲ အမြန်လမ်းပေါ် တော်‌တော်လေး သတိထားဖို့ လိုတယ်လို့ ပြောချင်တယ်ဗျ”ဟု ယင်းဒေသခံက ပြောသည်။

သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရသူကို ဆွာနာရေးလူမှုကူညီရေးအသင်းက နေပြည်တော်ကုတင် ၁၀၀၀ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

ယခုရက်ပိုင်း၌ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မိုးကောင်းနေပြီး လမ်းပိုင်းနေရာအချို့ ရေကျော်နေသည်။ မိုးဆက်ရွာနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ