Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့ပေါ် ရေကြီးနေ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် မြဝတီမြို့ကြားရှိ သောင်ရင်းမြစ်သည် စိုးရိမ်ရေးမှတ်အနီးရောက်ရှိနေပြီး မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ယနေ့နံနက်အစောပိုင်းမှစ၍ ရေဝင်လာခြင်းဖြစ်သည်။

မြဝတီမြို့ပေါ် ရေကြီးနေသည့် နေရာအချို့အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

သောင်ရင်းမြစ်ရေ မြင့်တက်မှုကြောင့်ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နေရာအများအပြား ရေနစ်မြုပ်နေပြီး မိုးလည်း သန်းထန်စွာရွာနေသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် မြဝတီမြို့ကြားရှိ သောင်ရင်းမြစ်သည် စိုးရိမ်ရေးမှတ်အနီးရောက်ရှိနေပြီး မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ယနေ့နံနက်အစောပိုင်းမှစ၍ ရေဝင်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“မဲဆောက်မှာ မိုးရွာနေတာ နေရောညရောဆက်တိုက် ၅ရက်လောက်ရှိပြီ။ သောင်ရင်းမြစ်ရေကြီးရောပေါ့”ဟု မဲဆောက်မြို့နေ မြန်မာတစ်ဦးက ပြောသည်။

ဇူလိုင်လကုန်အထိ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ နေပြည်တော်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မိုးသည်းထန်နိုင်ပြီး ရေးဘေးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ