Connect with us

Hi, what are you looking for?

သတင်း

ဘုံသဘောတူညီချက် ၅ ရပ်ကို မလိုက်နာသ၍ စစ်ကောင်စီကို အာဆီယံ အစည်းအဝေးတက်ခွင့် မပေးဘူးလို့ အင်ဒိုနီးရှားပြော

အာဆီယံဟာ ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ချိန် ကတည်းက မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခတွေကို ပြေလည်စေဖို့ ရည်ရွယ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ခုကို အတူပူးတွဲ ဆုံးဖြတ်ပေးခဲ့ပါတယ်။

အာဆီယံက ချမှတ်ပေးထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မလိုက်နာသ၍ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တွေဟာ အာဆီယံ ထိပ်သီး အစည်းအဝေးတွေဆီ တက်ရောက်ခွင့် ရမှာမဟုတ်ဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရတ်နို မာဆူဒီက အာဏာသိမ်း စစ်ကောင်စီကို ရည်ရွယ်ပြီး သတိပေးသွားပါတယ်။

အာဆီယံဟာ ၂၀၂၁ ခုနှစ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ချိန် ကတည်းက မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခတွေကို ပြေလည်စေဖို့ ရည်ရွယ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ခုကို အတူပူးတွဲ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက အဲဒီ အချက်တွေကို လေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့နောက် အာဆီယံက တန်ပြန်တဲ့ အနေနဲ့ အဖွဲ့ကြီးရဲ့ ထိပ်သီး အစည်းအဝေးတွေဆီ စစ်ကောင်စီရဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို တားမြစ်ထားခဲ့တာ ဖြစ်ပါတယ်။

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံမှု အစည်းအဝေး တံခါးပိတ် ဆွေးနွေးပွဲ တစ်ခုမှာတော့ မာဆူဒီက ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်တဲ့နေရာမှာ ဘာတိုးတက်မှုမှ ရှိမလာသေးကြောင်း၊ အဲဒီလို တိုးတက်မှုတွေ ရှိမလာသေးသ၍ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးနဲ့ ထိပ်သီး ညီလာခံတွေမှာ မြန်မာရဲ့ တက်ရောက်ပိုင်ခွင့်ကို နိုင်ငံရေး ကိုယ်စားလှယ် ပါဝင်ခွင့် မပြုတဲ့ အဆင့်မှာ ဆက်လက် ကန့်သတ် လျှော့ချထားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

တစ်ဖက်မှာလည်း ဘုံသဘောတူညီချက် ၅ ရပ် ဆိုတာက ထိရောက်တဲ့ ရလဒ်တွေ ဘာမှ လက်ဆုပ်လက်ကိုင် ပေါ်ထွန်းမလာစေတာကြောင့် အာဆီယံဟာ ပိုပြီး လက်တွေ့ကျတဲ့ အပြောင်းအလဲမျိုးတွေဆီ ချဉ်းကပ်သင့်ပြီဆိုတဲ့ တောင်းဆိုမှုတွေလည်း မြင့်တက်လာနေပါတယ်။

Public Service Announcement

Public Service Announcement

အခု ညီလာခံမှာတော့ အာဆီယံဟာ မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ ကိုယ်စားလှယ်တွေကို အစည်းအဝေး တက်ရောက်ခွင့်ကနေ တားမြစ်ထားပြီး အဲဒီအစား ဝါရင့် သံတမန် တစ်ဦးကိုသာ စေလွှတ်ဖို့ ခွင့်ပြုခဲ့ပါတယ်။

မာဆူဒီဟာ မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခမှာ ထိပ်တိုက်တွေ့ဆုံ ဆွေးနွေးမှုတွေကို ခေါင်းမာမာနဲ့ ငြင်းဆိုရင်း ဆက်လက် စစ်ခင်းတိုက်ခိုက်နေတဲ့ အစုအဖွဲ့ အသီးသီးကိုလည်း သဘောထားတွေ ပြောင်းလဲဖို့ တိုက်တွန်း တောင်းဆိုခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

မနှစ်က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှားဟာ စစ်ကောင်စီနဲ့သာ မကဘဲ တော်လှန်ရေး အင်အားစုတွေကိုပါ ဆွေးနွေးပွဲ စကားဝိုင်းဆီ ခေါ်ဆောင်နိုင်အောင် စတင် အားထုတ်ခဲ့ဖူးပေမယ့် လက်တွေ့ အောင်မြင်ဖို့ မျှော်လင့်ချက်တွေကတော့ လျော့ပါးနေဆဲပါ။ ဒီအတောအတွင်း စစ်ကောင်စီဟာ စစ်ရေးအရ ရှုံးနိမ့်မှုတွေ ပိုမို ရင်ဆိုင်နေရပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေက ထိန်းချုပ်နယ်မြေတွေ ပိုမို ရရှိလာနေခဲ့ပါတယ်။

လာအိုမှာ ကျင်းပနေတဲ့ ညီလာခံမှာတော့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်က မြန်မာ့အရေးမှာ ထိပ်တိုက် တွေ့ဆုံ ဆွေးနွေးမှုတွေ ကင်းမဲ့နေတာကို စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာကတော့ သူ့နိုင်ငံဟာ မြန်မာ့အရေး စေ့စပ်ဆွေးနွေးမှု ကဏ္ဍမှာ ပိုပြီး ထဲထဲဝင်ဝင် အားထုတ်ဖို့အတွက် အာဆီယံ အသိုက်အဝန်းဆီကနေ ထောက်ခံမှု ရထားတယ်လို့ သတင်းထောက်တွေကို မှတ်ချက် ပေးသွားခဲ့ပါတယ်။

အာဆီယံ နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ဇူလိုင် ၂၆ ရက်နေ့မှာတော့ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပ သမဂ္ဂ၊ အိန္ဒိယတို့လို ဒေသပြင်ပ နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ အာဆီယံ ညီလာခံမှာတော့ မြန်မာ့ ပြည်တွင်းရေး ပြဿနာနဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုတွေဟာ အဓိက ဆွေးနွေးမှု ခေါင်းစဉ်တွေအဖြစ် ရှိနေခဲ့ပါတယ်။

ကိုးကား: Bangkok Post⁩

ဆက်စပ်သတင်းများ

သတင်း

ထိုင်းအစိုးရသည် မြန်မာ့ပဋိပက္ခအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် ဘတ် ၉သန်း ထပ်မံလှူဒါန်းကြောင်း သိရသည်။

သတင်း

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်အာဏာရှင်​​ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်း​ရွှေတို့​​တွေ့ဆုံ​စဥ် စစ်အာဏာရှင်​ဟောင်းကအချက် ၂ ချက်ကို အဓိက​ဆွေး​နွေး​တောင်းဆိုပြီး ဝမ်ရိက အချက် ​ငါးချက်ကို အဓိက​ပြောဆို​ဆွေး​နွေးခဲ့​ကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက​ဖော်ပြချက်အရသိရသည်။

သတင်း

လာမယ့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံဆီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသွားရောက်ဖို့ ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အတွေးအမြင်

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားလူငယ်ထု ဆန္ဒပြမှုတွေကတဆင့် သက်တမ်းရှည်ဝန်ကြီးချုပ်ကို ဖြုတ်ချနိုင်ခဲ့ကာ အခုဆိုရင် ဆန္ဒပြသူတွေ လိုလားတဲ့ ကြားကာလအစိုးရ ပေါ်ထွန်းလာပါပြီ။

Facebook