Connect with us

Hi, what are you looking for?

သတင်း

KNU ဒုဥက္ကဋ္ဌဟောင်းကွယ်လွန်မှု ကရင်နီ KNPP နှင့် ပအိုဝ်း PNFC ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

နော်စီဖိုးရာစိန်သည် ကရင့်တော်လှန်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘ၀တစ်သက်တာလုံး အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သူဖြစ်သည်ဟု PNFC၏ သဝဏ်လွှာ၌ ဖော်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်​၏ နာရေးအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - Naw K Nyaw Paw/FB

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)က သဝဏ်လွှာပေးပို့သည်။

နော်စီဖိုးရာစိန်သည် ဇူလိုင် ၂၄ရက်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နော်စီဖိုးရာစိန်သည် ကရင့်တော်လှန်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘ၀တစ်သက်တာလုံး အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သူဖြစ်သည်ဟု PNFC၏ သဝဏ်လွှာ၌ ဖော်ပြသည်။

မျိုးဆက်သစ်ခေါင်းဆောင်များ စံထားအပ်သည့် ပဒိုနော်စီဖိုးရာစိန်၏ မေတ္တာ ၊ သစ္စာ၊ စေတနာ နှင့် အနစ်နာခံပေးဆပ်စွန့်လွှတ် ကြိုးပမ်းအားထုတ်ခဲ့မှုများကို အစဉ်အမြဲ အောက်မေ့ သတိရလျက် သဝဏ်လွှာကို ဝမ်းနည်းစွာ ပေးပို့လိုက်ကြောင်း ရေးသားထားသည်။

KNU ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ပဒိုနော်စီဖိုးရာစိန်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်ကြီး စောတာမလာဘောသည်လည်း ကရင့်အရေး နှင့် ပြည်ထောင်စုအရေး နှစ်ရပ်စလုံးတွင် ဦးထိပ်ထား၍ ဦးဆောင်ဦးရွက်ပြုခဲ့သူဖြစ်သည် ဟုလည်း PNFCက ဖော်ပြသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကလည်း KNU ဒုဥက္ကဋ္ဌဟောင်း ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ရာ ကရင်အမျိုးသားနှင့် မြန်မာတစ်နိုင်ငံလုံးအတွက် စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ပဒိုနော်စီဖိုးရာစိန်၏ တည်ကြည်သော ဦးဆောင်မှုနှင့် ခိုင်မာသော ရပ်တည်ချက် ကို အမြဲတမ်း အမှတ်ရနေမည်ဟု ဖော်ပြသည်။

ပဒိုနော်စီဖိုးရာစိန်အား ဆုံးရှုံးရသည့်အတွက် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရေးတို့တွင် KNPPနှင့် လက်တွဲဆောင်ရွက်နေသည့် KNUနှင့်အတူ နှမြောတသ ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။