Connect with us

Hi, what are you looking for?

သတင်း

သရက်ထောင်တွင် ဆေးကုသခွင့်မရ၍ နိုင်ငံရေးအကျဥ်းသားတစ်ဦး ကျဆုံး

ဇူလိုင် ၂၆ရက်ညပိုင်းက သရက်အကျဥ်းထောင်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ၅၁(ဂ)တို့ဖြင့် ထောင်ဒဏ်(၁၁)နှစ် မတရားပြစ်ဒဏ်ချခံထားရသည့် (၃၉)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုညီညီသည် သွေးတိုးနေ၍ အရေးပေါ်ဆေးဝါးကုသမှုပေးရန် နိုင်ငံရေးအကျဉ်းသားများက ထောင်တာဝန်ခံများထံ သတင်းပို့ အကူအညီတောင်းခံခဲ့သည်။

သရက်အကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

မကွေးတိုင်း၊ သရက်အကျဥ်းထောင်တွင် အချိန်မီ ဆေးကုသခွင့်မရ၍ နိုင်ငံရေးအကျဥ်းသားတစ်ဦး ကျဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၆ရက်ညပိုင်းက သရက်အကျဥ်းထောင်၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ၅၁(ဂ)တို့ဖြင့် ထောင်ဒဏ်(၁၁)နှစ် မတရားပြစ်ဒဏ်ချခံထားရသည့် (၃၉)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုညီညီသည် သွေးတိုးနေ၍ အရေးပေါ်ဆေးဝါးကုသမှုပေးရန် နိုင်ငံရေးအကျဉ်းသားများက ထောင်တာဝန်ခံများထံ သတင်းပို့ အကူအညီတောင်းခံခဲ့သည်။

Public Service Announcement

Public Service Announcement

သို့သော် ထောင်တာဝန်ခံများက ၁နာရီကျော်ကြာမှ အကျဉ်းသားဆေးမှူးတစ်ဦးကိုကြည့်ရှု့စစ်ဆေးခိုင်းရာ သွေးပေါင်ချိန်မှာ အပေါ်သွေး(၂၄၀) အောက်သွေး (၁၄၀)အထိ ရှိခဲ့ကြောင်း၊ ထို့နောက် အချိန်ခဏကြာမှသာ ပြင်ပသို့ ခေါ်ထုတ်ခဲ့၍ ကိုညီညီမှာ ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“ကိုညီညီက ရောဂါအခံရှိတာ မှန်တယ်။ သွေးတိုးအလွန်များလာတဲ့အခါမျိုးမှာဆိုရင် ထောင်အာဏာပိုင်တွေအနေနဲ့ ည ဖြစ်တယ်။ လုံခြုံရေးအရဆိုပြီး ချက်ချင်းဆေးကုမှုမပေးဘူး။ ဒါကြောင့် ကိုညီညီအသက်ကို မမီလိုက်တာဖြစ် တယ်။”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

နိုင်ငံရေးအကျဉ်းသား ကိုညီညီအချိန်နှင့် တပြေးညီဆေးဝါးကုသစောင့်ရှောက်ခွင့်မရ၍ ကျဆုံးခဲ့ရမှုအပေါ် ပြည်သူ့အစိုးရ တက်ရောက်လာချိန်တွင် တာဝန်ခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM)က အသိပေးထားသည်။

လက်ရှိ သရက်ထောင်တွင် ‌ထောင်ဆရာဝန် ငြိမ်းချမ်းကျော်ဆိုသူ တာဝန်ကျနေပြီး ကိုညီညီ နေထိုင်ရသည့်အဆောင်ကို အဆောင်မှူး နိုင်လင်းအုပ်ချုပ်၍ ထောင်ပိုင်ညွန့်ဘိုဝင်းက ဦးဆောင်ကွပ်ကဲကြောင်း PPNMက စုံစမ်းသိရှိထားသည်။

အာဏာသိမ်းကာလအတွင်း အကျဥ်းထောင်များ၌ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၂၀ဦးဝန်းကျင် အသက်ပေးနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)၏ တာဝန်ရှိသူများက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း AAPP၏ ဇူလိုင် ၂၆ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီအာဏာသိမ်းမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇,၁၁၂ဦးရှိပြီး ထိုအထဲမှ ၂၀,၇၉၇ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉,၃၆၁ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

၂၀၂၄ ဇူလိုင် ၂၆ရက်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၁၂၄ဦး ရှိပြီဖြစ်သည်။

မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၄ဦး အပါအဝင် ၁၂၁ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၈ဦးရှိပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ထားသည်။

(သရက်အကျဥ်းထောင်အား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ သရက်ထောင်မှာ အကျဉ်းကျခံနေရတဲ့ အသက် ၄၀ ကျော်အရွယ် နိုင်ငံရေးကျဉ်း အကျဉ်းသား ဆေးဝါးကုသခွင့် အချိန်မီ မရလို့ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက် ( PPNM) ထံက သိရပါတယ်။

သတင်း

ဇူလိုင် -၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring မကွေးတိုင်း ၊ သရက်မြို့ အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ဦး ထောင်ဗူး ဝမှာတင် ပြန်လည်ဖမ်းဆီးခံလိုက်ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံကသိရပါတယ်။ ဇူလိုင်လ ၁ ရက်က...

သတင်း

မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁,၀၀၀ နီးပါးရှိနေပြီး NLD အစိုးရ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် အပါအဝင် မန္တလေး ၊မုံရွာနဲ့ မြင်းခြံသပိတ် သမားတွေ ၊ စစ်ကောင်စီကိုတော်လှန်သူတွေကို ဖမ်းဆီးအကျဉ်းချထားပါတယ်။