Connect with us

Hi, what are you looking for?

သတင်း

သရက်ထောင်မှာနိုင်ကျဉ်းအမျိုးသားအချိန်မီကုသခွင့်မရလို့ အသက်ဆုံးပါး

မကွေးတိုင်း ၊ သရက်ထောင်မှာ အကျဉ်းကျခံနေရတဲ့ အသက် ၄၀ ကျော်အရွယ် နိုင်ငံရေးကျဉ်း အကျဉ်းသား ဆေးဝါးကုသခွင့် အချိန်မီ မရလို့ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက် ( PPNM) ထံက သိရပါတယ်။

Google Earth

စက်တင်ဘာ – ၂၀ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မကွေးတိုင်း ၊ သရက်ထောင်မှာ အကျဉ်းကျခံနေရတဲ့ အသက် ၄၀ ကျော်အရွယ် နိုင်ငံရေးကျဉ်း အကျဉ်းသား ဆေးဝါးကုသခွင့် အချိန်မီ မရလို့ သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန် ရက် ( PPNM) ထံက သိရပါတယ်။

အသက်ရှုကြပ်တဲ့ ဝေဒနာကို ခံစားနေရတဲ့ နိုင်ကျဉ်း ကိုကျော်လင်းအောင်ဟာ ထောင်ပြင်ပဆေးရုံဆီ အချိန်မီ ပြောင်းရွေ့ကုသဖို့ လိုအပ် နေချိန်မှာ ကုသခွင့်မရတာကြောင့် စက်တင်ဘာလ ၁၇ ရက်မှာ ဆုံးပါးရတာလို့ PPNM က ဆိုပါတယ်။

စက်တင်ဘာလ ၁၃ ရက်မှာ ကိုကျော်လင်းအောင်ကို သရက်ထောင်ဆေးရုံဆီတင်ခဲ့ပေမယ့် အောက်စီဂျင်အပါအဝင် ကုသရေး မလုံလောက်တာကြောင့် ပြင်ပဆေးရုံဆီ စက်တင်ဘာလ ၁၅ ရက် မှ ပြောင်းရွေ့ကုသခွင့်ရခဲ့တာပါ။

Public Service Announcement

Public Service Announcement

ပြင်ပ ဆေးရုံ ရောက်ပြီး နှစ်ရက်အကြာမှာတော့ ကိုကျော်လင်းအောင်ဆုံးပါးသွားပါတယ်။

ဒါဟာ အကျဉ်းဦးစီး ရဲ့ ညွှန်ကြားရေးမှုး ထောင်ဆီ လာရောက်ဖို့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ပြင်ပ ဆေးရုံဆီ အချိန်မီ မပို့ဆောင်တာကြောင့်နိုင်ကျဉ်း တစ်ဦး မလိုလားအပ်ဘဲ ဆုံးပါးရတာလို့ PPNM က မှတ်ချက်ပြုပါတယ်။

“အာဏာသိမ်းကာလကြာလာတာနဲ့အမျှ ထောင်တွင်းအသက်ရှင်သန်ပိုင်ခွင့်ကပိုပြီး ခြိမ်းခြောက််မှုများလာတယ်၊ နိုင်ကျဉ်းတွေရဲ့ အခြေနေကပိုမိုဆိုးဝါးလာပါတယ်”လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။

ဆုံးပါးသွားတဲ့ကိုကျော်လင်းအောင်ကိုအကြမ်းဖက်ပုဒ်မတွေနထောင်ဒဏ် ၁၁ နှစ်ချထားတာပါ။

စစ်ကောင်စီဟာ အာဏာသိမ်းစ အစောပိုင်းကာလတွေမှာ ဆန့်ကျင်ဆန္ဒပြသူတွေကိုနိုင်ငံ ဆူပူအောင်လှုံ့ဆော်တယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးထောင်ချခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆန့်ကျင်သူတွေကို အကြမ်းဖက်ပုဒ်မတပ်ပြီး ထောင်ချနေတာပါ။

အခုနှစ်အတွင်း အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးတာ ၊ အချိန်မီ ကုသခွင့်မရတာတွေကြောင့် ဆုံးပါးရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူဦးရေ ၂၀ ထိ ရှိလာပြီလို့ PPNM ရဲ့စာရင်းတွေအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ရောက်ရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို ဒီကနေ့ (အောက်တိုဘာ ၆) မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ကလေးအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် ၈၀ ခန့်ဟာ အရေးပေါ် ဆေးရုံတက်ကုသဖို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကဒီက​နေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်နှိပ်စက်ပြီး ၃ ဦးတိုက်ပိတ်ခံထားရကာ ဆေးကုသခွင့်လည်း ပိတ်ပင်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ တရားမျှတရေးကွန်ရက်(Justice Network For Political Prisoners)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

Trending

Facebook