Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ ၆ ခရိုင် ခေါင်းဆောင်ပိုင်းအ ပြောင်းအလဲပြုလုပ်

စစ်ကောင်စီတပ်နဲ့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး ( KNU) ရဲ့ တပ်မဟာ (၆) ဒူပလာယာ ခရိုင် ရဲ့ နယ်မြေခေါင်းဆောင်ပိုင်း အပြောင်းအလဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ် လိုက်တယ်လို့ တပ်မဟာ ၆ ရဲ့ သတင်းရင်းမြစ်ထံကသိရပါတယ်။

ဒူပလာယာခရိုင်(ကြာအင်းဆိပ်ကြီး) ရဲ့ ဥက္ကဋ္ဌ သစ် ပဒိုစောလစ္စတန်

နိုင်ပကောင်း/People’s Spring

စစ်ကောင်စီတပ်နဲ့တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး ( KNU) ရဲ့ တပ်မဟာ (၆) ဒူပလာယာ ခရိုင် ရဲ့ နယ်မြေခေါင်းဆောင်ပိုင်း အပြောင်းအလဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ် လိုက်တယ်လို့ တပ်မဟာ ၆ ရဲ့ သတင်းရင်းမြစ်ထံကသိရပါတယ်။

ဒူပလာယာခရိုင်(ကြာအင်းဆိပ်ကြီး) ရဲ့ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနဲ့ တရားသူကြီးနေရာတွေကို ဇူလိုင်လ နောက်ဆုံးပတ်အတွင်းက ကျင်းပတဲ့ ဒူပလာယာခရိုင်ရဲ့ (၁၇) ကြိမ်မြောက်ကွန်ဂရက်ညီလာခံမှာ ရွေးကောက်တင်မြှောက်တာပါ။

Public Service Announcement

Public Service Announcement

ဇူလိုင်လ ၂၃ ရက်ကနေ ၂၇ ရက်အထိကျင်းပတဲ့ ဒူပလာယာခရိုင်ရဲ့ (၁၇) ကြိမ်မြောက် ကွန်ဂရက် ညီလာခံမှာ ခရိုင်ဥက္ကဋ္ဌ အဖြစ် ပဒိုစောလစ္စတန်ကို မဲပေးရွေးချယ်ပြီး ခန့်အပ်တာဝန်ပေးအပ်လိုက် တာဖြစ်ပါတယ်။

“ဟုတ်တယ် ပဒိုစောလစ္စတန်က ခရိုင်ဥက္ကဋ္ဌ ဖြစ်တယ်”လို့ တပ်မဟာ ၆ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ခရိုင်ဥက္ကဋ္ဌ ဖြစ်လာသူ ပဒိုစောလစ္စတန် ဟာ အရင်က ခရိုင်အတွင်းရေးမှူးတာဝန်ယူခဲ့သူပါ။ အတွင်းရေးမှုးနေရာကို ပဒိုစောမိုးအဲ့ဒို ၊ တရားသူကြီးအဖြစ် ပဒိုစောနေ့ထူးတို့ တင်မြှောက်ခံရတယ်လို့သိရပါတယ်။

အရင် ခရိုင်ဥက္ကဋ္ဌ ဖြစ်သူ ပဒိုစောရွှေမောင်က တော့ အခုတစ်ခေါက် ကွန်ဂရက်ညီလာခံမှာ ဝင်ရောက်အရွေးမခံဘူးလို့သိရပါတယ်။

ဒူပလာယာခရိုင် ဥက္ကဋ္ဌ ဟောင်း ပဒို စောရွှေမောင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာဖို့နဲ့ ဒူပလာယာခရိုင်ကို အခြေပြုပြီး စစ်ရေးဆောင်ရွက်မှုတွေ မလုပ်ဖို့ သဘောထားထုတ်ပြန်ခဲ့ဖူးပါတယ်။

ဒါအပြင် စစ်ကောင်စီဖိတ်ကြားတဲ့ အခမ်းအနားတွေ ကို တက်ရောက်တာတွေ ရှိခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလကုန်ပိုင်းမှာ ခရိုင်အရေးပေါ် အစည်းအဝေး ခေါ်ပြီး တာဝန်ကနေ နုတ်ထွက်သွားတာပါ။

KNU ရဲ့ ဒူပလာယာခရိုင် ၊တပ်မဟ ၆ နယ်မြေအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ထားပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ၆ လတာအတွင်း တပ်မဟာ ၆ နယ်မြေထဲမှာ တိုက်ပွဲပေါင်း ၃၀၀ နီးပါးဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုရဲ့ စာရင်းအရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။