Connect with us

Hi, what are you looking for?

သတင်း

လားရှိုးထောင်မှ ဒီချုပ်ပါတီဗဟိုအလုပ်အမှုဆောင်အပါအဝင် နိုင်ကျဥ်း၂၀၀ကျော် လွတ်မြောက်ပြီး ကောင်းမွန်စွာစောင့်ရှောက်ထားဟု NUG ကာကွယ်ရေးပြော

လားရှိုးအကျဥ်းထောင်ရှိ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားများအား ကိုးကန့်တပ်မတော်(MNDAA)ပူးပေါင်းတပ်က စီစစ်ပြီး သက်ဆိုင်ရာလမ်းကြောင်းများဆွဲ၍ ‌နေရပ်ပြန်ပို့ပေးမည်ဟု ကြားသိရကြောင်း နောင်ချိုမြို့မှ PDFရဲဘော်တစ်ဦးက လူထုနွေဦးသို့ ယမန်နေ့ညက ပြောသည်။

ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်

ကိုပုဂံ/People’s Spring

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ယမန်နေ့က အကျဉ်းထောင်ပေါက်မှုအတွင်း ဒီချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ကျဉ်း၂၀၀ ကျော် တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန​၏ ဒုအတွင်းဝန်၊ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက အသိပေးထားသည်။

“ဆရာဦးထွန်းထွန်းဟိန်အပါ နိုင်ကျဉ်း(၂၀၀) ကျော်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လားရှိုးခရိုင်နဲ့ တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာစောင့်ရှောက်ထားပါတယ်”ဟု ဦးမောင်မောင်ဆွေက ၎င်း​၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့်အသိပေးထာသည်။

Public Service Announcement

Public Service Announcement

လားရှိုးအကျဥ်းထောင်ရှိ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားများအား ကိုးကန့်တပ်မတော်(MNDAA)ပူးပေါင်းတပ်က စီစစ်ပြီး သက်ဆိုင်ရာလမ်းကြောင်းများဆွဲ၍ ‌နေရပ်ပြန်ပို့ပေးမည်ဟု ကြားသိရကြောင်း နောင်ချိုမြို့မှ PDFရဲဘော်တစ်ဦးက လူထုနွေဦးသို့ ယမန်နေ့ညက ပြောသည်။

လားရှိုးအကျဥ်းထောင်၌ စစ်အာဏာသိမ်းမှုဆန့်ကျင်မှုကြောင့် မတရားဖမ်းဆီးခံရသော ဒီချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်၊ လားရှိုးဆေးရုံအုပ်ကြီး အပါအဝင် လားရှိုးမြို့ရှိ ဒီချုပ်ပါတီဝင်များ၊ ရှမ်းမြောက်ရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရသူ စုစုပေါင်း ရာဂဏန်းရှိသည်ဟု ၎င်းက ဆိုသည်။

“မနက်က ထောင်မှာတိုက်ပွဲဖြစ်ပြီး အားလုံးလွတ်ကုန်တာပြောတယ်။ နောင်ချိုက အဖမ်းခံရတဲ့ သူတွေ အကုန်လွတ်လာတယ်ကြားတယ်”ဟု ၎င်းက ပြောသည်။

လားရှိုးအကျဉ်းထောင်သည် လားရှိုးမြို့ ရပ်ကွက်(၁၂)၌ရှိပြီး စစ်ကောင်စီက တပ်စွဲထားသည့် ယင်းနေရာအနီး၌ ဇူလိုင် ၂၇ရက် ညနှင့် ယဇူလိုင်၂၈ရက်နံနက်အထိ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။