Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တွင် တိုက်ပွဲဖြစ်လာ​နိုင်ဟု ဒေသခံများပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စက်မှုရပ်ကွက် နှင့် တောင်ပေါ်တွင် ပစ်ခတ်သံများကြားနေရပြီး လုံခြုံရေးသတိပြုကြရန် ဒေသခံအချင်းချင်း သတိပေးနေကြသည်။

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မြို့ မှတိုက်အနိမ်ွများ နှင့်တရုတ်ဘက်ခြမ်း ကျယ်​ခေါင် ဘက်ရှိတိုက်အမြင့်များကို အ​​ဝေးမှ ​တွေ့ရစဥ်။ဓါတ်ပုံ- The Asean Post

မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စက်မှုရပ်ကွက် နှင့် တောင်ပေါ်တွင် ပစ်ခတ်သံများကြားနေရပြီး လုံခြုံရေးသတိပြုကြရန် ဒေသခံအချင်းချင်း သတိပေးနေကြသည်။

စက်မှုရပ်ကွက်နှင့်တောင်ပေါ်တွင် ယနေ့(ဇူလိုင်လ ၃၀ရက်) နံနက် ၉နာရီနှင့် ၁၀နာရီခန့်၌ ပစ်ခတ်သံများထွက်ပေါ်ခဲ့ခြင်းဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

“အရင်သုံးလေးရက်ကတည်းက ပေါက်ကွဲသံတွေထွက်ခဲ့တာ။ ဒီနေ့ကတော့သေနတ်သံကြားတာ။တိုက်ပွဲတွေဖြစ်လာမယ်ထင်တယ်ဘာတွေဆက်ဖြစ်လာမလဲတော့မသိဘူး”ဟု ဒေသခံတဦးကပြောသည်။

စက်မှုရပ်ကွက်နှင့်တောင်ပေါ်သည် မူဆယ်မြို့ပေါ်နှင့် လေးမိုင်ခန့်သာဝေးသည်။ စစ်ကောင်စီတပ်စွဲထားသည့်နေရာများပတ်ဝန်းကျင်၌ မိုင်းများထောင်ထား၍ မိုင်းပေါက်ကွဲမှုများမကြာခဏဖြစ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

“စစ်တပ်က စခန်းထဲက မထွက်ဘူး။မြို့ကဘာမှ လုပ်စားမရတော့ဘူး။ တိုက်ပွဲကနေ့လားညလားပဲ”ဟု ဒေသခံတဦးကပြောသည်။

မူဆယ်မြို့သည် ၁၀၂၇ စစ်ဆင်းရေးပထမပိုင်း၌ ညီနောင်သုံးဖွဲ့က တိုက်ခိုက်ရန် ပြင်နေစဉ် တရုတ်က ကြားဝင်မှုဖြင့် ဟိုင်ဂင်အပစ်ရပ်စာချုပ်ကြောင့် မတိုက်ခိုက်ဘဲ ကျန်နေသည့် မြို့ဖြစ်သည်။ ယခုအခါ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ လားရှိုးမြို့၊ သီပေါမြို့၊ ကျောက်မဲမြို့၊ နောင်ချိုမြို့တို့ ရှိစစ်တပ်စခန်းများကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ လားရှိုးနှင့်နောင်ချိုမြို့ကို ထိန်းချုပ်ထားသည်။ လားရှိုး မြို့ ကို ​တော်လှန်​ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ပြီးပါက ရှမ်း​မြောက်တွင် တစ်မြို့တည်း ကျန်​နေ​သောမူဆယ်မြို့ကိုလည်း တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မည်ဟုသတင်းများထွက်ပေါ်နေသည်။

မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပြီး မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားပြီးဖြစ်သည်။ စစ်ကောင်စီတပ်သည် မူဆယ်မြို့ပေါ်၌သာတပ်စွဲထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရားလည်း ကောင်းမွန်စွာမလည်ပတ်တော့ကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။