Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးဝင်ရောက်စွက်ဖက်နေသည့် တရုတ်အား ကန့်ကွက်ကြောင်း အမေရိကန်ရောက်မြန်မာများ ဆန္ဒပြ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရောက်မြန်မာများ စုပေါင်း၍ နွေဦးတော်လှန်ရေးအား နည်းလမ်းမျိုးစုံဖြင့် နှောက်ယှက်ဟန့်တားနေသော တရုတ်အစိုးရအား ကန့်ကွက်ရှုံ့ချကြောင်းကို ယနေ့ (ဇူလိုင် ၃၁) ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - Kyawsoe Latt

သုည/People’s Spring

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရောက်မြန်မာများ စုပေါင်း၍ နွေဦးတော်လှန်ရေးအား နည်းလမ်းမျိုးစုံဖြင့် နှောက်ယှက်ဟန့်တားနေသော တရုတ်အစိုးရအား ကန့်ကွက်ရှုံ့ချကြောင်းကို ယနေ့ (ဇူလိုင် ၃၁) ဆန္ဒပြခဲ့ကြသည်။

ယင်းဆန္ဒပြပွဲကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်ရုံး (China Mission)ရှေ့တွင် ပြုလုပ်ခဲ့ပြီး The New York City Burmese Community (NYCBC) နှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်းပါဝင်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

အဆိုပါဆန္ဒပြပွဲတွင် မြန်မာများက “ကိုယ်အိမ်ကိုယ်ပြန်တဲ့လမ်း ဘယ်သူမှ တားဆီးခွင့်မရှိ” ၊ “တို့နိုင်ငံအနာဂတ် ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ်မယ်” ၊ “ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ အရာရာဟာ ပြည်သူ့သဘောထားအတိုင်း ဖြစ်ရမယ်” ၊ “Our way back home is unstoppable” ၊”The future of our nation is in our hands”၊ “The people’s revolution is not for sale” ၊”The people’s will shall prevail” စသည့်ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒပြသခဲ့ကြသည်။

ထို့အပြင် တရုတ်မစ်ရှင်ရုံးနှင့်တကွ သက်ဆိုင်သည့်ဌာနများကိုလည်း အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့ကြောင်း NYCBCက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။