Connect with us

Hi, what are you looking for?

သတင်း

မန္တလေးအထိစစ်ရေးလှိုင်းများ ဆင်းလာပြီဖြစ်၍ အုပ်ချုပ်ရေးကဏ္ဍကြိုတင်ပြင်ဆင်ရန် NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

စစ်ရေးလှိုင်းများ မန္တလေးမြို့အထိဆင်းလာပြီဖြစ်၍ စစ်ရေးကဏ္ဍနှင့်အတူ အုပ်ချုပ်ရေးကဏ္ဍအတွက်ပါ စဉ်စားပြင်ဆင်လုပ်ဆောင်ရမည့် အရာများ ပိုများလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၂၀၂၂ ဇွန်လအတွင်းက ရှေ့တန်းစစ်စခန်းတစ်ခုသို့ သွားရောက်ပြီး PDF ရဲဘော်များအား တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG

ထားမြတ်၊အောင်ဇေ/People’s Spring

စစ်ရေးလှိုင်းများ မန္တလေးမြို့အထိဆင်းလာပြီဖြစ်၍ စစ်ရေးကဏ္ဍနှင့်အတူ အုပ်ချုပ်ရေးကဏ္ဍအတွက်ပါ စဉ်စားပြင်ဆင်လုပ်ဆောင်ရမည့် အရာများ ပိုများလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

ဇူလိုင် ၃၀ရက်ကပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်‌ရေးလှိုင်းတွေဟာ မန္တလေးထိဆင်းလာနေပြီ ဖြစ်တဲ့အတွက် စစ်ရေးကဏ္ဍနဲ့အတူ အုပ်ချုပ်ရေး ကဏ္ဍအတွက်ပါ စဥ်းစားပြင်ဆင် လုပ်ဆောင်စရာတွေ ပိုများလာပြီဖြစ်တဲ့ ကာလလည်း ဖြစ်ပါ တယ်။ စစ်ဆင်ရေးအခြေအနေတွေ၊ အနေအထားတွေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာပြီး နယ်မြေဒေသအလိုက်မှာ ပြင်ဆင်ရမယ့် ကဏ္ဍအသီးသီးအတွက် ဝန်ကြီးဌာနတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှသာ နယ်မြေစိုးမိုးမှုနဲ့အတူ အုပ်ချုပ်ရေးယန္တရားထူထောင်မှုတွေကို စနစ်တကျ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောသည်။

ယခုရက်အတွင်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးလှုပ်ရှားမှုများ နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ အောင်မြင်မှုများသည် နွေဦးတော်လှန်ရေးအတွက်များစွာစိတ်အားတက်ကြွစရာ အခြေအနေဟုလည်း ဝန်ကြီးချုပ်က ပြောသည်။

“မြို့တွေကို သိမ်းပိုက်နိုင်ပြီး အကျဥ်းထောင်တွေက ကျွန်‌တော်တို့ရဲ့သူရဲကောင်း နိုင်ငံရေးအကျဥ်းသားတွေကို ကယ်ထုတ်နိုင် ခဲ့တဲ့ သတင်းမျိုးဟာ လွန်ခဲ့တဲ့ ၃ နှစ်ကဆိုရင် ဖြစ်နိုင်ပါ့မလားလို့ ထင်ကောင်း ထင်ရမယ့် အခြေအနေမျိုးပါပဲ။ ဒါပေမယ့် အဲ့ဒီအချိန်ကတည်းက ကျွန်တော်တို့ တော်လှန်ရေးအင်အားစု တွေရဲ့ “ငါတို့နိုင်မှ သူတို့လွတ်မြောက်မှာ” လို့ ယုံယုံကြည်ကြည်နဲ့ ကြိုးစားခဲ့မှုတွေဟာ ဒီကနေ့ အရာထင်ခဲ့ပြီ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောသည်။

စစ်ရေးအခြေအနေများနှင့် အုပ်ချုပ်ရေးထူထောင်မှု ကဏ္ဍများ၌ အားစိုက်ဆောင်ရွက်ရင်း နိုင်ငံရေးအခြေအနေ အလှုပ်အချက်များကိုလည်း သတိထားရန် တိုက်တွန်းသည်။

” ဒီတော်လှန်‌ရေးမှာ စစ်ရေးအားသာ ဖို့လိုအပ်သလို အုပ်ချုပ်ရေးယန္တရားခိုင်ခံ့နိုင်ဖို့လည်း လိုပါတယ်။ ဒါတွေအပြင် အင်မတန် အရေး ကြီးတဲ့ နိုင်ငံရေးအခြေအနေတွေ၊ အရွေ့တွေကိုလည်း မျက်ခြေပြတ်လို့ မဖြစ်သလို ကိုယ့်ရန်သူရဲ့ လှုပ်ရှားမှုတွေကို သိရှိနိုင်မှုဟာလည်း ကျွန်တော်တို့ရဲ့ အောင်ပွဲပြင်ဆင်မှု အတွက် မရှိမဖြစ် အရေး ပါတဲ့အရာ ဖြစ်ပါတယ်။ ကျွန်တော်အမြဲပြောခဲ့သလိုပဲ ကျွန်တော်တို့က တော်လှန်‌ရေးအစိုးရအနေနဲ့ တိုင်းပြည်ကို ဦးဆောင်နေရတာမို့ တစ်ပြိုင်နက်လုပ်ဆောင်ကြရမယ့် ကိစ္စတွေ အင်မတန်များပါ တယ်”ဟု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

နေ့စဥ်နှင့်အမျှ အရှုံးနှင့်ရင်ဆိုင်နေရပြီး ပြိုလဲနေပြီဖြစ်သည့် စစ်အုပ်စုကို အပြီးတိုင်ဖြိုချ ပစ်နိုင်ရန်၊ တော်လှန်ရေးကို အောင်မြင်စွာ ပွဲသိမ်းနိုင်ရန် အချိန်ကိုက်စီမံစရာများပြားလွန်းသည်ဟုလည်း ပြောသည်။

ယမန်နေ့ အစိုးရအဖွဲ့အစည်းအဝေးသို့ ယာယီသမ္မတလည်းတက်ရောက်ခဲ့ကြောင်း NUGက ထုတ်ပြန်ထားပြီး ယာယီသမ္မတပြောကြားသည့် မိန့်ခွန်းများကို အသေးစိတ် ဖော်ပြမထားပေ။

မန္တလေးမြို့တွင် ဇူလိုင်ကစတင်​ကာ မြို့အဝင်၊အထွက်ကို တင်းကျပ်စွာစစ်ဆေးနေပြီး အထူးသဖြင့် မတ္တရာမြို့ဘက်မှအဝင် ရွှေကျင်ဂိတ် ရှောင်ကွင်းသွားသည့်လမ်းများကိုပါ ပိတ်ထားလိုက်ကြောင်း ဒေသခံများက ပြောသည်။

မြို့တွင်း စစ်ကောင်စီရဲစခန်းများရှေ့တွင်လည်း ဘန်ကာများတည်ဆောက်ပြီး သဲအိတ်များ၊ သံဆူးကြိုးများဖြင့် ကာရံထားကြောင်း၊ ထို့အပြင် မြို့တွင်းရပ်ကွက်များအား နေ့ဘက်ဘက်တွင်ပါ ဧည့်စာရင်းလိုက်လံစစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ