Connect with us

Hi, what are you looking for?

သတင်း

ကိုကိုးကျွန်းတိုက်ပွဲ (၅၃)နှစ်ပြည့်အဖြစ် ရန်ကုန်မြို့တွင် စာတန်းချိတ် ဆန္ဒပြ

တော်လှန်လူငယ်များက “ရန်ကုန်မြို့မှာ ရန်သူတကာကြောက်ဒူးတုန်ပါစေ ပြည်သူအပေါင်းရွှင်လန်းအားတက်ကြပါစေ” စာသားပါဘန်နာကို ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ - ABFSU

သုည/People’s Spring

ရန်ကုန်မြို့ တစ်နေရာတွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်အင်အားစုများ စုပေါင်း၍ ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲ (၅၃)နှစ်ပြည့်၊ ကိုကိုးကျွန်းသူရဲကောင်းများနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ (ဇူလိုင် ၃၁) ပြုလုပ်ခဲ့သည်။

တော်လှန်လူငယ်များက “ရန်ကုန်မြို့မှာ ရန်သူတကာကြောက်ဒူးတုန်ပါစေ ပြည်သူအပေါင်းရွှင်လန်းအားတက်ကြပါစေ” စာသားပါဘန်နာကို ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ယင်းဆန္ဒပြလှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်လူငယ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ)နှင့် Yangon Revolution Force တို့ ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ