Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား ရေစကြိုပကဖအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် (၄)ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့​ကြောင်း အဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

သိမ်းဆည်းရမိခဲ့သော ခဲယမ်းများအားတွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား ရေစကြိုပကဖအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် (၄)ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့​ကြောင်း အဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

ယမန်နေ့ (ဇူလိုင်၃၀ရက်) နံနက်(၈)နာရီခွဲခန့်က ပခုက္ကူမြို့နယ် တပ်မ(၁၀၁)မှ စစ်​ကောင်စီတပ်များနှင့် ရေစကြိုမြို့နယ်၊ ဟင်္သာပျူကျေးရွာမှ ပျူ​စောထီးများ စုစုပေါင်း အင်အား(၆၀)ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ကိုရင့်ကျေးရွာနှင့် ကိုရင့်ကျွန်းကြားအရောက်တွင် အသင့်စောင့်၍ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ထို့နောက် မနက်ပိုင်းတစ်ပိုင်းလုံး အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး နံနက်(၁၁)နာရီခွဲခန့်တွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း၊ ထိုစစ်ကြောင်းမှ ပျူစောထီးဟုယူဆရသူ (၄)ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာများလည်း ရရှိသွားကြောင်း ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အဲဒီစစ်ကြောင်းက ပခန်းငယ်ဘက်တက်မယ်လို့ယူဆတယ်။အဲဒီမှာစောင့်ပြီး တိုက်ခိုက်နိုင်ခဲ့တာ။ လေးကောင်သေတယ်။ လေးကောင်ပြင်းထန်ဒဏ်ရာရတယ်။ ရှင်းလင်းရေးသွားတဲ့အချိန်မှာ ခဲယမ်းတွေရတယ်။”ဟု ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်​ကောင်စီတပ်စစ်ကြောင်းမှ ကာဘိုင်ကျည် (၂၀၀)၊ ကာဘိုင်ကျည်(၂)ဘောက်၊ (၄၀)မမဗုံးသီး တစ်လုံး၊ G3ကျည်ဘောက်တစ်ဘောက်၊ AK ကျည်(၂)ဘောက် ၇.၆၂မမကျည်(၂၀)တို့သိမ်းဆည်းရမိခဲ့ကြောင်း ရေစကြိုပကဖအဖွဲ့က ထုတ်ပြန်သည်။

ထိုစစ်ကြောင်းမှာ ဟင်္သာပျူကျေးရွာထဲသို့ပြန်လည်ဝင်ရောက်သွားပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။