Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် စစ်တပ်ဂိတ်အား PDFများ ဝင်တိုက်၊သေနတ် လေးလက်ရ

ဇူလိုင် ၃၁ရက် ညနေ ၄နာရီ မိနစ် ၂၀ခန့်က ထန်းတောကျေးရွာရှိ စစ်ကောင်စီ၏ စစ်ဆေး​ရေးဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင် ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းရမိသော လက်နက်များအား တွေ့ရစဥ်။ဓာတ်ပုံ - Young People Force-YPF

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာအုပ်စု၊ ထန်းတောကျေးရွာရှိ စစ်ကောင်စီဂိတ်အား PDFများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုရှိပြီး သေနတ် လေးလက် သိမ်းဆည်းခံရကြောင်း သတင်းရရှိသည်။

ဇူလိုင် ၃၁ရက် ညနေ ၄နာရီ မိနစ် ၂၀ခန့်က ထန်းတောကျေးရွာရှိ စစ်ကောင်စီ၏ စစ်ဆေး​ရေးဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင် ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် ဂိတ်ရှိ စစ်သား ခြောက်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု ၁၅မိနစ်ခန့်ကြာခဲ့ပြီး ဂိတ်ရှိ သေနတ်လေးလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

“ပြည်သူအပေါ် အနိုင်ကျင့်ငွေတောင်း‌နေတဲ့စကစဂိတ်ပါ။ G3က သုံးလက်၊ Uzi က ၁ လက်ရတယ်။”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ဆင်ရေးအား Salingyi-GZ ပကဖ လက်ရုံးတပ်၊Young People Force-YPF ပကဖ လက်ရုံးတပ်၊Triple Two ပကဖလက်ရုံးတပ် နှင့် ချင်းတွင်းဂဠုန်ရာဇာ ပကဖလက်ရုံးတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၃၁ရက်ကပင် ဆားလင်းကြီးမြို့နယ်၊ မြန်မာဝမ်ပေါင်ကုမ္ပဏီ၌ တာဝန်ကျနေသော ရဲတပ်သား သုံးဦး သေနတ်တစ်လက်နှင့် ခဲယမ်းများဖြင့် ယင်းမာပင်ခရိုင်အမှတ် (၁၆)တပ်ရင်းထံ အလင်းဝင်လာခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ