Connect with us

Hi, what are you looking for?

သတင်း

အ​မေရိကန်တစ်​ဒေါ်လာ ၅၆၂၀ ကျပ်၊ ​ရွှေ​​ဈေး ကျပ်သိန်း ၇၀ ခန့်အထိစံချိန်တင်ထပ်တက်

ပြင်ပ ​ငွေ​ကြေး​ဈေးကွက်တွင် သြဂုတ် ၂ ရက်၌ အမေရိကန်တစ်ဒေါ်လာ ၅,၆၂၀ ကျပ်အထိ စံချိန်တင်မြင့်တက်​နေပြီး အခေါက်ရွှေစျေး တစ်ကျပ်သား သိန်း ၇၀ နီးပါရှိလာကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်းများထံမှ သိရသည်။

ဓာတ်ပုံ - People's Spring

ရဲခေါင်/People’s Spring

ပြင်ပ ​ငွေ​ကြေး​ဈေးကွက်တွင် သြဂုတ် ၂ ရက်၌ အမေရိကန်တစ်ဒေါ်လာ ၅,၆၂၀ ကျပ်အထိ စံချိန်တင်မြင့်တက်​နေပြီး အခေါက်ရွှေစျေး တစ်ကျပ်သား သိန်း ၇၀ နီးပါရှိလာကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်းများထံမှ သိရသည်။

“ဒေါ်လာစျေးက တစ်ပတ်တည်းမှာ တင် တစ်ရက်ကို ၂၀၀ နဲ့ ၃၀၀ ကြားတက်နေတာ။ဒီနေ့(သြဂုတ် ၂ ရက်) ပေါက်စျေးက ၅,၆၂၀ ပေါက်တယ်။ဒီနေ့ နေကုန်လောက်ဆို ၅,၈၀၀ လောက်အထိ ဖြစ်လာနိုင်တယ်။ဒါတောင် ဝယ်ရတာ အရမ်းမလွယ်ဘူး။တကယ်လိုတဲ့သူတွေတောင်ရှာရခက်နေတာ”ဟုပို့ကုန်လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်တွင်း ရွှေစျေးမှာမူ စစ်ကောင်စီက ​ရွှေအသင်းများမှတဆင့် ​​​ဈေး သတ်မှတ်ချက်ရှိသော်လည်း အမှန်တကယ် စျေးကွက်အတွင်း ၌မူ အမေရိကန်ဒေါ်လာတန်ဖိုးတက်​နေမှု အတိုင်းလိုက်ပါတက်လေ့ရှိပြီး ယနေ့ နေ့လည်ပိုင်းအထိ ၆၉ သိန်း ငါးသောင်း ခန့်ရှိနေသည်။

ထို့အတူ စက်သုံးဆီစျေး နှုန်းမှာလည်း နေ့စဥ်မြင့်တက်နေပြီး အချို့ဆီဆိုင်များ သည် အရောင်းပိတ်ထားကာ အချို့ဆီဆိုင်များတွင် 92 ဓာတ်ဆီ တစ်မျိုးတည်းသာ ရရှိတော့သည်။

“Denko ဆိုင်တချို့ ဆီပြတ်သွားလို့ ပိတ်ထားတယ်။ပြီး တော့ Htoo မှာဆိုလည်း ၉၂ တစ်မျိုးတည်းပဲရတော့တယ်”ဟု တက္ကစီယာဥ်မောင်းတဦးကပြောသည်။

နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်း၊ကုန်သွယ်​ရေး ကျဆင်းခြင်း ၊ နိုင်ငံတစ်ဝန်း စစ်​ရေးအ ရှိန် မြင့်မားလာခြင်း ၊ ကျပ်ငွေ စက္ကူသစ် ဘီလီယံသောင်းနှင့်ချီ ရိုက်ထုတ်ပြီး ကျပ်​ငွေအ​ပေါ် ပြည်သူများ၏ ယုံကြည်မှု ကျဆင်း​နေ​သောကြောင့် ကျပ်ငွေဖောင်ပွမှုများ အဆမတန်မြင့်တက် လာခြင်းဟု စီးပွားရေးလုပ်ငန်းရှင်များက ​ပြောသည်။

စစ်ကောင်စီကမူ စီးပွားရေးလုပ်ငန်းရှင်များ စျေးကစားမှုကြောင့်ဟု ဆိုကာ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ခဲ့သော်လည်း ကျပ်​ငွေတန်ဖိုးကျဆင်းမှုမှာ အ​ခြေအ​နေ ပို၍ ဆိုးလာ​နေခြင်းဖုစ်သည်။

စက်သုံးဆီ​ဈေးတက်ပြီး ရှားပါးမှုမှာ ကုန်ထုတ်လုပ်ငန်းများ ၊သယ်ယူပို့​ဆောင်​ရေးလုပ်ငန်းများအ​ပေါ် ကြီးမားစွာရိုက်ခတ်ပြီး ကုန်​ဈေးနှုန်းများအ​ပေါ် သက်​ရောက်လာမည်ဖြစ်​ကြောင်း လုပ်ငန်းရှင်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ရွှေဟာ အခြေခံလူတန်းစားတွေ ငွေပိုငွေလျှံရှိိလာချိန် ပိုက်ဆံမပွန်းမပဲ့အောင် ဝယ်ယူစုဆောင်းထားဖို့ ဒီနေ့အချိန်မှာမသင့်တော်တော့ပါဘူး။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းက စျေးဝယ်စင်တာ တစ်ခုရဲ့ ရွှေဆိုင်တစ်ခုကနေ လုယက်ခံခဲ့ရတဲ့ ရွှေတွေဟာ နိုင်ငံပိုင်နက်ထဲမှာ မရှိလောက်တော့ဘူးလို့ ထိုင်းစစ်တပ်က ပြောပါတယ်။