Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် စစ်အုပ်စုက ဆိုင်ကယ်များအား မတရားဖမ်းဆီးနေ

မန္တလေးတွင် ပြည်သူများ စက်သုံးဆီလိုက်လံဝယ်ယူနေချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေး အဖွဲ့စုံပူးပေါင်းအဖွဲ့က ဆိုင်ကယ်များအား ဆီဆိုင်အထိပါ မတရားလိုက်လံဖမ်းဆီးနေကြောင်း မြို့ခံများက ပြောသည်။

ဆိုင်ကယ်များအား စစ်ဆေးနေသော စစ်အုပ်စုများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးတွင် ပြည်သူများ စက်သုံးဆီလိုက်လံဝယ်ယူနေချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေး အဖွဲ့စုံပူးပေါင်းအဖွဲ့က ဆိုင်ကယ်များအား ဆီဆိုင်အထိပါ မတရားလိုက်လံဖမ်းဆီးနေကြောင်း မြို့ခံများက ပြောသည်။

မန္တလေးမြို့တွင် ဇူလိုင်လကုန်ပိုင်းမှ ယနေ့ (သြဂုတ် ၃ရက်)အထိ စက်သုံးဆီ ဝယ်ယူရခက်ခဲနေပြီး လိုက်လံရှာဖွေဝယ်ယူနေချိန် စစ်ကောင်စီ၏ ယာဥ်ထိန်းရဲများက ဆီဆိုင်ဝန်းကျင်အထိ ဆိုင်ကယ်များအား လိုက်လံစစ်ဆေး ဖမ်းဆီးနေကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဆီဆိုင်အပေါက်ဝကနေကို စောင့်ဖမ်းနေတာ။”ဟု စက်သုံးဆီသွားရောက်တန်းစီခဲ့သူတစ်ဦးက ပြောသည်။

၇၈လမ်း BOC ဆီဆိုင်၊ ၈၄ လမ်း မန်းမြို့စျေးအနီး ဆီဆိုင်နှင့် ၇၈လမ်း Denko ဆီဆိုင်နေရာများအပါအဝင် အခြားဆီဆိုင်ရှိသည့်နေရာ အနီးတဝိုက်များတွင်ပါ စောင့်ဆိုင်းဖမ်း​ဆီးနေခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံများက ရှင်းပြသည်။

ဆိုင်ကယ်ဖမ်းဆီးခံရသူများအနေဖြင့် ကျပ်သုံးသောင်းမှ သိန်းချီအထိ ဒဏ်ငွေပေးဆောင်နေရ​ကြောင်း၊ ဒဏ်ငွေများကိုလည်း စစ်အုပ်စုဝင်များက ၎င်းတို့မိသားစုဝင်များ၏ Kpay နံပါတ်များပေး၍ ငွေလွှဲခိုင်းကြောင်း ဖမ်းဆီးခံခဲ့ရသူများက ပြောသည်။

ထို့ကြောင့် စက်သုံးဆီအခက်အခဲအပြင် ယာဥ်အဖမ်းခံရမည်ကို စိုးရိမ်နေရသည်ဟု မြို့ခံများက ပြောသည်။

စက်သုံးဆီတန်းစီသူများမှာလည်း ယခင်အတိုင်းများပြားနေဆဲဖြစ်ပြီး ပြင်ပပေါက်စျေးမှာလည်း 92 ဓာတ်ဆီ တစ်လီတာ ကျပ် ၇,၀၀၀ ဝန်းကျင်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။