Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်တွင် ဇူလိုင်အတွင်း တိုက်ပွဲကြီးငယ် အကြိမ် ၁၀၀ကျော်ဖြစ်ခဲ့ဟု KNU အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၌ ဇူလိုင်အတွင်း စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်အကြား တိုက်ပွဲအကြိမ် ၁၀၀ကျော်ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ အထိနာခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၌ ဇူလိုင်အတွင်း စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်အကြား တိုက်ပွဲအကြိမ် ၁၀၀ကျော်ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ အထိနာခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဖာပွန်ခရိုင်တွင် ဇူလိုင် ၁ရက်မှ ၃၁ရက်အထိ တိုက်ပွဲပေါင်း ၁၀၁ကြိမ်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ တပ်သား (၅၂)ဦးသေဆုံးပြီး (၁၂)ဦးထိခိုက်ဒဏ် ရာရှိခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီ၏ အဆောက်အဦး (၂)ခု ထိခိုက်ပျက်စီးပြီး မြင်း (၂)ကောင်သေဆုံးခဲ့ဟု ဖော်ပြသည်။

တစ်လတာ တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များဘက်မှ ထိခိုက်မှု တစုံတရာမျှမရှိဟု ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီက ရှေ့တန်းစခန်းများအား ရိက္ခာဖြည့်တင်းရာ၌ လေကြောင်းမှ ရိက္ခာများချပေးခြင်းကိုသာ လုပ်ဆောင်နိုင်တော့သည်ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှု အကြိမ်များစွာ ပြုလုပ်ခဲ့ဟုလည်း ဖော်ပြသည်။

KNU တပ်မဟာ(၅)နှင့် စစ်ကောင်စီတပ်များသည် ဇွန်လအတွင်းကလည်း တိုက်ပွဲအကြိမ် ၁၂၀ ကျော်ဖြစ်ခဲ့ရာ စစ်ကောင်စီဘက်မှ ၆၀ဦး သေဆုံးခဲ့ကြောင်း KNUက အသိပေးထားသည်။ ဇွန်လတိုက်ပွဲတွင် KNLA ပူးပေါင်းတပ်မှ ရဲဘော် ၂ဦး ကျဆုံးကာ အချို့ ဒဏ်ရာရခဲ့ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

Facebook