Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ရွှေဘိုမြို့သို့ ခင်ဦးဒေသမှပြည်သူများအား ဝင်ခွင့်ပိတ်ပင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်တွင် စစ်ကောင်စီတပ်က ခင်ဦးမြို့နယ်မှပြည်သူများအား ဝင်ရောက်ခွင့်မပြုတော့ကြောင်း ဒေသခံများက ပြောသည်။

ရွှေဘိုမြို့တနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်တွင် စစ်ကောင်စီတပ်က ခင်ဦးမြို့နယ်မှပြည်သူများအား ဝင်ရောက်ခွင့်မပြုတော့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၂၉ရက်မှစတင်ကာ ရွှေဘိုမြို့အဝင် ကိုးပင်စစ်ဆေးရေးဂိတ်နှင့် ရွှေဘို-ခင်ဦးလမ်းရှိ ကန်တော်ရွာစစ်ဆေးရေးဂိတ်များက ခင်ဦးမြို့နယ် ၅/ခဥ(နိုင်)မှတ်ပုံတင်ကိုင်ဆောင်သူများအား ဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ ပြန်လွှတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ခင်ဦးသားတွေ ရွှေဘိုဘက်ကိုဝင်ပြီး တစ်ခုခုစီစဥ်မှာ၊ အသိမ်းတွေ(မြို့သိမ်းတိုက်ပွဲတွေ)စီစဥ်မှာ လန့်တာလည်းပါမယ်”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သာမန်ပြည်သူများအပြင် ခင်ဦးမြို့မှသွားရောက်ရောင်းချသော စပါးကားများအပါအဝင် ကုန်ကားများကိုပါ ပြန်လွှတ်ခဲ့ကြောင်း၊ သို့သော် သြဂုတ် ၂ရက်တွင်မူ ကုန်ကားများအား ပြန်လည်ဖြတ်သန်းခွင့်ပေးပြီး သာမန်ပြည်သူများကိုမူ ယနေ့အထိ ရွှေဘိုမြို့သို့ ဝင်ရောက်ခွင့်ပိတ်ထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စစ်တပ်က ရွှေမြို့အတွင်း ဝင်ရောက်မှုပိတ်ပင်ခြင်းမှာ ခင်ဦးဒေသပြည်သူများသာဟု ဆိုသည်။

“အဓိကကတော့ သူတို့ဆီမှာ စစ်ရေးကိစ္စလုပ်မှာစိုးလို့ အဝင်မခံတာ။”ဟု ခင်ဦးအခြေစိုက် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ခင်ဦးမြို့နယ်သည် တော်လှန်ရေးအားကောင်းသောဒေသတခုဖြစ်ပြီး စစ်ကောင်စီ၏ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများအား တစ်နယ်လုံးနီးပါး ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်။

ယခုလက်ရှိတွင် မိုးကုတ်ဒေသမှစစ်ရှောင်များသည် မိုးကုတ်-သပိတ်ကျင်း၊ ကန့်ဘလူ၊ ခင်ဦးနယ်များမှတဆင့် ရွှေဘိုမြို့သို့ဝင်ရောက်ပြီး မန္တလေးနှင့်အခြားမြို့များသို့ စစ်ဘေးရှောင်ရန်သွားလာနေကြသည်။

ဆက်စပ်သတင်းများ

Facebook