Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြုံနေသည့် တနင်္သာရီဒေသခံများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘေးလွတ်ရာပို့ဆောင်ပေး

မြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံနေသည့် တနင်္သာရီမြို့နယ်မှ ဒေသခံများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဘေးလွတ်ရာသို့ ပို့ဆောင်ပေးနေသည်။

ရေဘေးသင့်ပြည်သူများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကူညီနေစဉ်။ ဓာတ်ပုံ - MOD

မိထက်/People’s Spring

မြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံနေသည့် တနင်္သာရီမြို့နယ်မှ ဒေသခံများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဘေးလွတ်ရာသို့ ပို့ဆောင်ပေးနေသည်။

တနင်္သာရီမြစ်ရေသည် ဇူလိုင် ၂၁ ရက်မှ စတင်၍ စိုးရိမ်ရေမှတ်အထက်၌ မြင့်တက်လာပြီးနောက် ကျေးရွာအများစုမှ ဒေသခံများ ရေဘေးကြုံနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“မြို့နယ်တခုလုံးမှာ ရေဘေးသင့်ပြည်သူ ၅သောင်းကျော်ရှိတယ်။ ရေဘေးက တပတ်ကျော်ကြာလာပြီ။ တချို့ရွာတွေမှာ PDFတွေရဲ့ အကူအညီရတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

ရေဘေးသင့်ပြည်သူများအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များက ကူညီကယ်ဆယ်ရေးလုပ်နေသည့် မှတ်တမ်းဓာတ်ပုံများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် မြိတ်နှင့် ထားဝယ်မြို့တွင်လည်း ရေကြီးနစ်မြုပ်မှုကြုံ‌တွေ့နေသည်။ မုတ်သုံမိုး ဆက်လက်အားကောင်းနိုင်၍ရေကြီးရေလျှံမှု သတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) ကသတိပေးချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ