သုည/People’s Spring
အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မြန်မာများ စုပေါင်း၍ ရှစ်လေးလုံးအရေးတော်ပုံအကြို အခမ်းအနားများကို ယနေ့ (သြဂုတ် ၄) အသီးသီး ကျင်းပပြုလုပ်ခဲ့သည်။
ယနေ့ နံနက်တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုရှိ ဘာကလေ City Hall ၌ ရှစ်လေးဒီမိုကရေစီအရေးတော်ပုံ(၃၆) နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် Burma Day အလံတင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
အမေရိကန်နိုင်ငံရောက် ဒီမိုကရေစီအင်အားစုများနှင့်အတူ ဗကသ(ဆန်ဖရန်စစ္စကို) ကျောင်းသားကျောင်းသူများ၊ မျိုးဆက်သစ်လူငယ်များ၊ ၈၈၈၈ အင်အားစုများ၊ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ထောက်ပို့ပြည်သူများ စုပေါင်းပါဝင်ခဲ့ကြသည်။

Public Service Announcement
Burma Day နေ့အဖြင့် ခွပ်ဒေါင်းအလံတော်နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်အလံတော်တို့ကို အမေရိကန်အလံတော်နှင့်အတူ တွဲတင်ခဲ့ပြီး သမိုင်းအဆက်ဆက် ကျဆုံးသွားသော အာဇာနည်အပေါင်းအတွက် ဘာသာပေါင်းစုံမှ ဆုတောင်းပွဲကိုလည်း လုပ်ဆောင်ခဲ့ကြသည်။
တောင်ကိုရီးယားနိုင်ငံ ဆူဝမ်မြို့ ဆူဝမ်ဘူတာတွင်လည်း ပြည်ပရောက်မြန်မာများက ရှစ်လေးလုံးအရေးတော်ပုံ (၃၆)နှစ်ပြည့်အထိမ်းအမှတ် အကြိုအဖြစ် ဆန္ဒပြခဲ့ကြသည်။




ဓာတ်ပုံ – Free Burma Action Committee-San Francisco ၊ CJ


















































