Connect with us

Hi, what are you looking for?

သတင်း

ရမခတိုင်းမှူး​ဟောင်း ဗိုလ်ချုပ်စိုးတင့် ၊ စကခ (၁)မှူး ဗိုလ်မှူးချုပ်မျိုးမင်း​ထွေး ၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်စင်စိုး တို့ကို MNDAA ဖမ်းဆီးရမိ

MNDAA ဦး​ဆောင်​သောပူး​ပေါင်းတပ်များကအရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)အား သိမ်းယူပြီး ​နောက် ရမခ စစ်တိုင်းတိုင်းမှူးအဖြစ်မှ အဖြုတ်ခံထားရသည့် ဗိုလ်ချုပ် စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေး နှင့် ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်စင်စိုး တို့အား MNDAA ကဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

ရမခ တိုင်းမှူး​ဟောင်း ဗိုလ်ချုပ်စိုးတင့်ကို ၂၀၂၄ မတ်လက သင်တန်းဆင်းပွဲတစ်ခု၌​တွေ့စဥ်။ ဓါတ်ပုံ- စစ်​ကောင်စီ

-​ယောနသံ၊ ဟန်​နွေ/People’s Spring

MNDAA ဦး​ဆောင်​သောပူး​ပေါင်းတပ်များကအရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)အား သိမ်းယူပြီး ​နောက် ရမခ စစ်တိုင်းတိုင်းမှူးအဖြစ်မှ အဖြုတ်ခံထားရသည့် ဗိုလ်ချုပ် စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေး နှင့် ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်စင်စိုး တို့အား MNDAA ကဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်​ရေးရင်းမြစ်အချို့က​ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှစစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဗိုလ်ချုပ်စိုးတင့်က တိုင်းမှူးပြုတ်ပဲ။ သူ့နေရာမှာ ဗိုလ်ချုပ်စိုးလှိုင်ရှိတယ်။ အခု ဗိုလ်ချုပ်စိုးလှိုင်က ပျောက်နေတယ်။ အခုမိတာ ဗိုလ်ချုပ်စိုးတင့်နဲ့ နောက်လိုက်တွေ” ဟုပြောသည်။

Public Service Announcement

Public Service Announcement

ဗိုလ်ချုပ်စိုးတင့်ကို ရမခသိမ်းပိုက်သည့်တိုက်ပွဲ၌ ရမခဝင်းအတွင်း၌ ဖမ်းမိခြင်းဖြစ်​ကြောင်းသိရသည်။ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့အားလည်း MNDAA ကဖမ်းမိထားကြောင်း ရှမ်းမြောက်စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

CDM ဗိုလ်ကြီးဇင်​ယော်က “ဗိုလ်ချုပ် စိုးတင့် ရယ် ၊စကခ (၁) စကခမှူး ​လော​လောလတ်လတ် ဗိုလ်မှူးချုပ်အပွင့်တင်ထားတဲ့ ဗိုလ်မှူးချုပ် မျိုးမင်း​ထွေး​ပေါ့ ၊ တိုင်းစစ်ဦးစီးချုပ် သန့်စဥ်ထိုက် သူတို့ ၃ ​ယောက်က​တော့ အရှင် လက်ရဖမ်းဆီးရမိတယ် ။မ​နေ့က လားရှိုးစခန်းသိမ်းတိုက်ပွဲမှာမဟုတ်ပါဘူး ။ဒါသီးခြားဖြစ်စဥ်ပါ။ဘယ်လိုပုံ ဖမ်းမိလဲဆိုတာက​တော့ ကျွန်​တော်တို့​တွေ ဆက်သွယ်​မေးမြန်း​နေတုန်း ၊စုံစမ်း​ထောက်လှမ်း​နေတုန်း ပဲရှိပါ​သေးတယ်ဗျ ” ဟု ​ပြောသည်။

MNDAA က၎င်းတို့ ၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လက်နက်ချအဖမ်းခံခြင်းမဟုတ်ဟုသိရ​ကြောင်း၎င်းကဆက်​ပြောသည်။

စစ်ကောင်စီသည် ရမခကို MNDAAကထိုးစစ်ဆင် တိုက်ခိုက်​နေစဥ် ပြီးခဲ့သည့် ဇူလိုင်လတတိယပါတ်တွင် တိုင်မှူးဗိုလ်ချုပ်စိုးတင့်ကို ရာထူးမှ ထုတ်ပယ်ပြီး မူဆယ်အခြေစိုက် တပ်မ ၉၉တပ်မမှူး ဗိုလ်ချုပ်စိုးလှိုင်ကို ခန့်အပ်ထားသည်။ ဗိုလ်ချုပ်စိုးလှိုင်သည် မူဆယ်၌ ရှိ‌နေဆဲဟု စုံစမ်းသိရသည်။

“ကျွန်​တော်တို့​နောက်ဆုံးရတဲ့ သတင်း​တွေအရ​တော့ ဗိုလ်ချုပ်စိုးလှိုင်က မူဆဲမှာပဲ ရှိ​နေပါ​သေးတယ် “ဟု CDM ဗိုလ်ကြီး ဇင်​ယော်ကလည်း​ပြောသည်။

“လားရှိုး၊ ရမခရဲ့ –

၁။ တိုင်းမှူးဟောင်း ဗိုလ်ချုပ် (Major General)

၂။ တိုင်းစစ်ဦးစီး ဗိုလ်မှူးချုပ် (Brigadier General)

၃။ စကခ (၁) မှူး ဗိုလ်မှူးချုပ် (Brigadier General)

ဒီ (၃) ဦးကို ကိုးကန့် တော်လှန်ရေးအဖွဲ့ (MNDAA) က လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း အရှင်ဖမ်းမိပါတယ်တဲ့။တပ်မှူးအများအပြားနဲ့ ထောင်ကြီးဂဏန်းသော စစ်သည်တွေကလည်း လက်နက်ချတာပေါ့။ခေတ်သစ် မြန်မာ့သမိုင်းမှာ ဗိုလ်ချုပ် (Major General) အဆင့်တဦးကို ပထမဦးဆုံးအနေနဲ့ အရှင်ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ပြည်သူ့တော်လှန်ရေးကြီးက သမိုင်းသစ်တွေ ရေးထိုးနေပါတယ်။တလှိုင်းပြီး တလှိုင်း လာမယ်”ဟုသပိတ်​ခေါင်း​ဆောင် ​ဒေါက်တာ​တေဇာစန်းကလည်း၎င်း၏ ​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

ဆက်စပ်သတင်းများ

Facebook