Connect with us

Hi, what are you looking for?

သတင်း

စစ်ကူတိုက်ပေးဖို့ ရုရှားကို ကြံ့ဖွံ့ပါတီဥက္ကဌ ဦးခင်ရီ တောင်းဆို

မြန်မာ့ တော်လှန်ရေး အဖွဲ့​တွေရဲ့ ခုခံ​တော်လှန်​နေမှုတွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (USDP) ဥက္ကဋ္ဌက အကြမ်းဖက်လုပ်ရပ်တွေလို့ စွပ်စွဲပြီး အာဏာသိမ်း စစ်ကောင်စီကို ရုရှားက စစ်ကူပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ကြံ့ဖွံ့ပါတီ ဥက္ကဌ ဦးခင်ရီ နှင့် Sputnik သတင်းဌာန အင်တာဗျူးပြုလုပ်စဥ်နှင့် အမှတ်တရ အုပ်စုလိုက် ဓါတ်ပုံရိုက်ကူးကြစဥ်။ ဓါတ်ပုံ-USDP

People’s Spring

မြန်မာ့ တော်လှန်ရေး အဖွဲ့​တွေရဲ့ ခုခံ​တော်လှန်​နေမှုတွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (USDP) ဥက္ကဋ္ဌက အကြမ်းဖက်လုပ်ရပ်တွေလို့ စွပ်စွဲပြီး အာဏာသိမ်း စစ်ကောင်စီကို ရုရှားက စစ်ကူပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ရုရှား သတင်းဌာန Sputnikနဲ့ အင်တာဗျူးမှာ ကြံ့ဖွံ့ ဥက္ကဋ္ဌ ဦးခင်ရီက ပြည်တွင်းမှာ တကယ်တမ်း အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို စစ်ကူပေးဖို့အတွက် တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် နာမည်တပ်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ စစ်​ကောင်စီရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အားထုတ်မှုတွေမှာ ရုရှားက တရားဥပဒေ စိုးမိုးမှုကို အလေးထားပြီး ထဲထဲဝင်ဝင် ကူညီပေးနိုင်စွမ်း ရှိမှာဖြစ်တယ်လို့ သူက ပြောခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဦးခင်ရီ နဲ့ ရုရှားသတင်းဌာန Sputnik က အင်တာဗျူဟာဇူလိုင် ၃၀ ရက်​နေ့မှာပြုလုပ်ခဲ့တာလို့ကြံ့ဖွံ့ပါတီကထုတ်ပြန်ပါတယ် ။ MNDAA ဦး​ဆောင်တဲ့ ပူး​ပေါင်းတပ်​တွေ လားရှိုးမြို့က စစ်​ကောင်စီတပ်ရဲ့ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်ကို ထိုးစစ်ဆင်သိမ်းပိုက်​နေချိန်မှာ ဒီအင်တာဗျူးလုပ်ခဲ့တာဖြစ်ပါတယ် ။ နိုင်ငံတစ်ဝန်း မြို့​ပေါင်း ၇၀ ​ကျော်သိမ်းပိုက်ခံရပြီး ချိန် မှာ စစ်တပ် က​နေအသွင်​ပြောင်းဖွဲ့စည်းခဲ့တဲ့ ကြံ့ဖွံ့ပါတီ ဥက္ကဌက ရုရှားကို စစ်ကူပေးဖို့ ​ပြော​လာတာဖြစ်ပါတယ် ။

ကြံ့ဖွံ့ပါတီရဲ့ အဓိက လိုလားချက်ကတော့ ရုရှားဟာ သူတို့ (စစ်ကောင်စီ)နဲ့ ပူးပေါင်းပြီး အကြမ်းဖက် လှုပ်ရှားမှုတွေကို တိုက်ခိုက်ပေးစေဖို့ ဖြစ်ကြောင်း၊ ဒီအတွက်လည်း မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတာဟာ ပြည်တွင်းရေး ပဋိပက္ခ သက်သက် မဟုတ်ဘဲ အကြမ်းဖက်မှုနဲ့ ဆက်စပ်တယ်ဆိုတဲ့ သဘောတရားကို လက်ခံဖို့ လိုအပ်ကြောင်း၊ အဲဒီလို လက်ခံလိုက်ပြီ ဆိုရင်တော့ ရုရှားရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အေဂျင်စီတွေ၊ဌာနတွေက စစ်ကောင်စီဖက်က ဝင်ကူလို့ ရပြီဖြစ်ကြောင်း ဦးခင်ရီက ဆိုပါတယ်။

မျက်မှောက်ကာလမှာ ကမ္ဘာ့လုံခြုံရေး စိန်ခေါ်မှုတွေနဲ့ နိုင်ငံအလိုက် လုံခြုံရေး ကိစ္စတွေဟာ ရှုပ်ထွေးဆက်နွှယ်နေတတ်ကြောင်း၊ ဒါကြောင့်လည်း ရုရှားဟာ မြန်မာ့ ပြည်တွင်းရေးမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို အခြေအနေ အမှန်အတိုင်း သုံးသပ်ပြီး အကူအညီ ပေးစေလိုကြောင်း၊ သူ့ရဲ့ ပါတီကလည်း မိတ်ဖက် (အာဏာရ) ယူနိုက်တက် ရုရှားပါတီနဲ့အတူ အကြမ်းဖက်မှု တိုက်ဖျက်ရေး အားထုတ်မှုတွေမှာ ပိုပြီး နီးနီးကပ်ကပ် လက်တွဲ ဆောင်ရွက်သွားလိုကြောင်း ဦးခင်ရီက ဆက်ပြောသွားခဲ့ပါတယ်။

ရုရှားဟာ အာဏာသိမ်းခဲ့ချိန် ကတည်းက စစ်ကောင်စီအတွက် အခိုင်မာဆုံး မဟာမိတ်အဖြစ် အစဉ်တစိုက် ထောက်ခံ ရပ်တည်နေခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ရုရှားကို USDP ခေါင်းဆောင်က စစ်ကူတောင်းတဲ့ စကားမျိုး ပြောကြားတဲ့ အချိန်ဟာ နိုင်ငံအနှံ့က စစ်ပွဲတွေမှာ စစ်ကောင်စီက အရေးနိမ့်မှုတွေ ဆက်တိုက် ကြုံတွေ့နေတဲ့ ကာလမျိုးနဲ့လည်း တိုက်ဆိုင်နေပါတယ်။

ရုရှားကိုယ်တိုင်ကလည်း ယူကရိန်း​ကျူး​ကျော်စစ်ပွဲ​ ​ကြောင့် ​ရုရှားစစ်သား​တွေသေဆုံး၊ဒဏ်ရာရမှုများ​နေသလို နဲ့ အ​မေရီကန်၊အီယူရဲ့စီးွား​ရေးဒဏ်ခပ် ပိတ်ဆို့မှု​တွေ​ကြောင့်အထိနာ​နေတာပါ။

ဒါ​ကြောင့် ရုရှား ဟာကျူး​ကျော်စစ်ပွဲမှာ မရှုံးနိမ့်ဖို့ အာဏာရှင်နိုင်ငံ​ဖြစ်တဲ့ ​မြောက်ကိုးရီးယား ၊အီရန် ၊တရုတ် စတဲ့နိုင်ငံ​တွေက အကူအညီ​တွေကို ရယူ​တောင်းခံနေရတာဖြစ်ပါတယ် ။

ကိုးကား- Sputnik

ဆက်စပ်သတင်းများ