Connect with us

Hi, what are you looking for?

သတင်း

KNDF အမှတ်(၈) ဗျူဟာက တပ်ရင်းနှစ်ရင်း ထပ်တိုးဖွဲ့စည်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အမှတ် (၈)ဗျူဟာ က တပ်ရင်းနှစ်ရင်းကို ထပ်တိုး ဖွဲ့စည်းလိုက်သည်။

ထပ်တိုးဖွဲ့စည်းလိုက်သည့် KNDF ဗျူဟာ အမှတ် (၈) တပ်ရင်းများမှရဲဘော်များကိုတွေ့ရစဥ်။ ဓာတ်ပုံ KNDF TOC-8

ရဲခေါင်/People’s Spring

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အမှတ် (၈)ဗျူဟာ က တပ်ရင်းနှစ်ရင်းကို ထပ်တိုး ဖွဲ့စည်းလိုက်သည်။

အမှတ် (၂၉) နှင့် တပ်ရင်း အမှတ် (၃၀) တို့ကို ထပ်မံတိုးချဲ့ခြင်းဖြစ်ပြီး ဗျူဟာ ၈ တွင် တပ်ရင်း ၅ ရင်း အထိရှိလာကြောင်း KNDF ကယ​နေ့(ဩဂုတ် ၅) ထုတ်ပြန်သည်။

မူလက တပ်ရင်းအမှတ် ၂၂ ၊ ၂၃ နှင့် ၂၄ တို့ဖြင့် ဗျူဟာ အမှတ် ၈ ကို စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး KNDF စစ်ရေးဦးဆောင်မှုအမိန့်အောက်တွင် ကရင်နီ နှင့် ရှမ်း ပြည်နယ်​တောင်ပိုင်းကြား၌စစ်ရေးဆောင်ရွက်နေသည်။

Public Service Announcement

Public Service Announcement

“တပ်ရင်းအသစ်များတွက် လိုအပ်ချက်များကိုလည်း ပံ့ပိုးကူညီပေးကြဖို့ ထပ်မံတောင်းဆိုပါရစေဗျ”ဟု KNDF ဗျူဟာ အမှတ် ၈ တာဝန်ရှိသူက ပြောသည်။

ထပ်တိုးဖွဲ့စည်းလိုက်သည့် KNDF ဗျူဟာ အမှတ် (၈) တပ်ရင်းများမှရဲဘော်များကိုတွေ့ရစဥ်။ ဓာတ်ပုံ KNDF TOC-8

၂၀၂၄ ခုနှစ် မေလကစ၍ အင်အား ၅၀၀ ကျော်စီပါရှိသည့် ဗျူဟာ အမှတ် ၇ နှင့် ဗျူဟာ အမှတ် ၈ ကို KNDF ကတိုးချဲ့ဖွဲ့စည်းခဲ့သည်။

ထို့ကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တွင် ဗျူဟာ အမှတ် ၁ မှ စ၍ ဗျူဟာ အမှတ် ၈ အထိ တပ်ဖွဲ့စည်းမှု သုံးနှစ်အတွင်း ဗျူဟာ ၈ခု ရှိသည်။

“တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ နဲ့အထက်ရှိတယ်”ဟု KNDF ၏ ဖွဲ့စည်းပုံကို စစ်ရေးချုပ် ခူးရီးဒူက ပြောထားသည်။

လက်ရှိကရင်နီပြည်နယ်၌ လွိုင်ကော်၊ဖားဆောင်း နှင့် ဒီးမော့ဆို မြို့နယ်အပါအဝင် ကရင်နီနှင့် ရှမ်းတောင်နယ်စပ် ဖယ်ခုံ ၊ ပင်လောင်း ၊ ညောင်ရွှေ မြို့နယ်တို့၌ တိုက်ပွဲများ ဖြစ်ပွားနေသည်။

ထိုနေရာများတွင် နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ကောင်စီနှင့် PNOပြည်သူ့စစ်မှ ၅၀ ထက်မနည်း သေဆုံးပြီး လက်နက် ၃၀ ကျော်ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကမကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ