Connect with us

Hi, what are you looking for?

သတင်း

သေဒဏ်ကျ ဗိုလ်မှူးချုပ်‌ဇော်မင်း ဒိုက်ဦးအကျဉ်းထောင်၌ အဆုံးစီရင်ရန်ကြံစည်ဟုဆို

ကျားဖြန့်အမှုနှင့် သေဒဏ်ချမှတ်ခံထားရပြီး ဒိုက်ဦးအကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်( ဒကစလောက်ကိုင်)မှူးဟောင်း ဗိုလ်မှူးချုပ်‌ဇော်မင်းသည် စိတ်ကျရောဂါဖြစ်နေပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် ကြံစည်ခဲ့ကြောင်း အဆိုပါ အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

ဒိုက်ဦးအကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်( ဒကစလောက် ကိုင်) မှူးဟောင်း ဗိုလ်မှူးချုပ်‌ဇော်မင်း

မိထက်/People’s Spring

ကျားဖြန့်အမှုနှင့် သေဒဏ်ချမှတ်ခံထားရပြီး ဒိုက်ဦးအကျဉ်းထောင်၌ ထိန်းသိမ်းခံထားရသည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်( ဒကစလောက်ကိုင်)မှူးဟောင်း ဗိုလ်မှူးချုပ်‌ဇော်မင်းသည် စိတ်ကျရောဂါဖြစ်နေပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ရန် ကြံစည်ခဲ့ကြောင်း အဆိုပါ အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

ဗိုလ်မှူးချုပ်ဇော်မင်းသည် ပြီးခဲ့သည့် ဇူလိုင်တတိယလပတ်အတွင်း ဒိုက်ဦးထောင်တွင်း၌ ပရဆေးအများအပြားသောက်၍ အဆုံးစီရင်ရန်ကြံစည်ခြင်းဟု ဆိုသည်။

” သူက စိတ်ကျရောဂါ ဖြစ်နေတာပါ။ သူ့ပိုင်ဆိုင်မှုတွေအကုန် အသိမ်းခံထားရတယ်လို့ ကြားတယ်။ တော်တော်လေးကို ထိန်းထိန်းသိမ်းသိမ်းလုပ်နေရတဲ့အခြေအနေပါ”ဟု ဒိုက်ဦးအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဗိုလ်မှူးချုပ်ဇော်မင်းနှင့်အတူ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ အရှေ့ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် လှမိုးတို့သည် ကျားဖြန့်ငွေလိမ်ဂိုဏ်းများနှင့်ပတ်သက်၍ အဓိကတရားခံဟုဆိုကာ ဖမ်းဆီးစစ်ဆေးရန် တရုတ်ဘက်ကတောင်းဆိုပြီးနောက် ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

မေလတွင် ဗိုလ်ချုပ်အောင်လင်းထွန်း၊ဗိုလ်ချုပ် လှမိုးတို့ကို ထောင်ဒဏ်ချမှတ်လိုက်ပြီး ဗိုလ်မှူးချုပ်‌ဇော်မင်းကို သေဒဏ်ချမှတ်ခဲ့သည်။

” ပယ်‌ဆောက်ချိန်တို့ရဲ့ ဖြောင့်ချက်နဲ့ အဖမ်းခံရတာ။ စကစက သတင်းတွေအကုန်ဖုံးထားတာ။ သူတို့တွေရဲ့ ပိုင်ဆိုင်မှုတွေ အကုန်အသိမ်းခံထားရတာ”ဟု နေပြည်တော်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း၊ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဦးပယ်ဆောက်ချိန်၊သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်သူ‌ဌေး ဖူလီလိုက်လုပ်ငန်းစုဥက္ကဌဦးလျိုအားပေါက်နှင့်ကိုးကန့် အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ အပါအဝင် ဆယ်ဦးကို တရုတ်၏ သတင်းပေးမှုနှင့်အတူ စစ်ကောင်စီက ဖမ်းဆီးပြီး ပြီးခဲ့သည့်ဇန်နဝါရီ ၃၀ရက်တွင် တရုတ်ထံ လွှဲပေးခဲ့သည်။

ပယ်ဆောက်ချိန်မိသားစုကို တရုတ်အစိုးရက ဆက်လက်စစ်ဆေးနေပြီး ၎င်းတို့၏ ဖြောင့်ချက် များအရ စစ်ကောင်စီတပ်ဖွဲဝင်များကို ဆက်လက်ဖမ်းဆီးနေသည်။

၁၀၂၇ စစ်‌ဆင်ရေးဖြင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို မြေလှန်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ယခုအခါ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ဖော်ဆောင်နေပြီး စစ်ကောင်စီကကျူးလွန်နေသည့် မူးယစ်‌ဆေးလုပ်ငန်းများ၊ ကျားဖြန့်လုပ်ငန်းများကို ဆက်လက်တိုက်ဖျက်မည်ဟု ကြေညာထားသည်။

ဆက်စပ်သတင်းများ