Connect with us

Hi, what are you looking for?

သတင်း

မြိုင်ရှိ ကိုင်းတောမ ရေစက်စခန်းအား PDFများ သိမ်းပိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာ ရေစက်စခန်းအား ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး ခဲယမ်းနှင့်စစ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း Earthquake People`s Defence Force အဖွဲ့က ပြောသည်။

ကိုင်းတောမရေစက်တွင်းအထိုင်ချစခန်းအား သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိသောလက်နက်ကြီးခဲယမ်းနှင့် စစ်အသုံးဆောင်ဆက်စပ်ပစ္စည်းအချို့အားလည်း တွေ့ရစဥ်။ ဓါတ်ပုံ-Earthquake People`s Defence Force

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာ ရေစက်စခန်းအား ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပြီး ခဲယမ်းနှင့်စစ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း Earthquake People`s Defence Force အဖွဲ့က ပြောသည်။

သြဂုတ် ၃ ရက် နံနက် ၆ နာရီဝန်းကျင်က ကိုင်းတောမကျေးရွာရှိ ရေစက်စခန်းအား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ကျန် စစ်အုပ်စုဝင်များ ကျေးရွာအတွင်းရှိ စခန်းသို့ဆုတ်ခွာသွားကြောင်း မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ကိုင်းတောမစခန်းကိုပါ ဆက်လက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုထိခိုက်မှုများရှိကာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)က အသက်၁၇နှစ်အရွယ်ရဲဘော် ‌မဟောက်နှင့် အညာမြေတပ်ပေါင်းစုမှ အသက်၂၃အရွယ် ရဲဘော် G Shockတို့လည်း ကျဆုံးခဲ့ကြောင်း Earthquake People`s Defence Force အဖွဲ့က ပြောသည်။

“စခန်းကို သိမ်းလိုက်နိုင်ပြီး မီးရှို့ခဲ့တယ်။သူတို့နောက်ဆုတ်ပြီး စခန်းထဲပေါင်းသွားတယ်။ ဒီဘက်မှာ ရေစက်ဝင်တာသိပြီးတော့ စခန်းကိုဝင်လုံးတော့ကျ အသင့်အနေအထားဖြစ်​သွားတာ။”မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကိုင်းတောမရေစက်တွင်းအထိုင်ချစခန်းမှလက်နက်ကြီးခဲယမ်းအချို့အပြင် စစ်အသုံးဆောင်ဆက်စပ်ပစ္စည်းအချို့လည်း သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီက လေကြောင်းပစ်ကူလာ၍ နံနက် ၉ နာရီကျော်တွင် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖအဖွဲ့ရဲဘော်အချို့က ပြောသည်။

ထိုစစ်ဆင်ရေးကို ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် (PDA)၊ပြည်သူ့တော်လှန်ရေးတပ်ဦး ( PRF)၊ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)-(အမှတ် ၈၁၅တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ပခုက္ကူစုဖွဲ့မှု(Young Force.PPDF.Thu Rain.HunterPakokku. Earthquake )၊အညာမြေတပ်ပေါင်းစုနှင့် မြိုင်မြို့နယ်ပ.က.ဖ၊ မြိုင်စုဖွဲ့မှုတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကိုင်းတောမစခန်းမှ စစ်အုပ်စုသည် ယခင်ကလည်း PDFများ၏ တိုက်ခိုက်မှု အကြိမ်ကြိမ်ခံရပြီး ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်ကလည်း ရိက္ခါရှာထွက်လာသည့် ထိုစစ်အုပ်စု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

Facebook