Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးတိုက်ပွဲများအတွင်း ပိတ်မိနေသော တရုတ်နိုင်ငံသား ၁၅ ဦးအား မန္တလေး PDFက ထိန်းချုပ်နယ်မြေအဆုံးအထိ လုံခြုံစွာ ပို့ဆောင်ပေး

စဥ့်ကူးမြို့နယ်၊ တိုက်ပွဲများအတွင်း ပိတ်မိနေသော တရုတ်နိုင်ငံသား ၁၅ ဦးအား ထိန်းချုပ်နယ်မြေအဆုံးအထိ လုံခြုံစွာ ပို့ဆောင်ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ (ဩဂုတ် ၅ ရက်)တွင် သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ-MDY PDF

ဇေအောင်/People’s Spring

စဥ့်ကူးမြို့နယ်၊ တိုက်ပွဲများအတွင်း ပိတ်မိနေသော တရုတ်နိုင်ငံသား ၁၅ ဦးအား ထိန်းချုပ်နယ်မြေအဆုံးအထိ လုံခြုံစွာ ပို့ဆောင်ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ (ဩဂုတ် ၅ ရက်)တွင် သတင်းထုတ်ပြန်သည်။

“စဥ့်ကူးမြို့နယ်ထဲမှာရှိတဲ့ ကုမ္ပဏီတခုမှာလုပ်တဲ့ တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။”ဟု မန္တ​လေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

Public Service Announcement

Public Service Announcement

စဉ့်ကူးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပိတ်မိနေသော တရုတ်နိုင်ငံသား(၁၅)ဦးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က တွေ့ဆုံစစ်ဆေးပြီးနောက် ၄င်းတို့၏ သဘောဆန္ဒအရ နေရပ်ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ထိန်းချုပ်နယ်မြေအတွင်းရှိ အဆိုပါ တရုတ်နိုင်ငံသား(၁၅)ဦးအား ယမန်နေ့ ဩဂုတ်လ (၄)ရက်တွင် မန္တလေး PDF၏ ထိန်းချုပ်နယ်မြေအဆုံးတစ်နေရာအထိ လုံခြုံစွာ ပို့ဆောင်ပေးခဲ့သည်ဟု မန္တလေး PDF က အသိပေးသည်။

တရုတ်နိုင်ငံသားများအား မန္တလေး PDF ရဲဘော်များက လိုက်ပို့ပေးခဲ့စဥ်။ဓာတ်ပုံ-MDY PDF)

စဥ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအား မန္တလေး PDFနှင့် ပူးပေါင်းတပ်များက ဇူလိုင်(၁၇)ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီက စဥ့်ကူးမြို့နယ်အား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ ယမန်နေ့က ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာ၌ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်(၂)ဦး အပါအဝင် ပြည်သူ (၁၃) ဦး သေဆုံးကာ (၂၀)ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ