Connect with us

Hi, what are you looking for?

သတင်း

ရမခ ကျပြီး​နောက် စစ်​ကောင်စီက ရလခ (ခိုလမ်)ကို လက်ရုံးတပ်များပို့အင်အားဖြည့်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ခိုလမ်) သို့ လက်ရုံးတပ်များ စစ်ကောင်စီက အင်အားဖြည့်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ရလခ (ခိုလမ်)တွင် ၂၀၂၄ ဇန်နဝါရီ ၁ ရက်က ၁၃ နှစ်​မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပစဥ်။ ဓါတ်ပုံ- စစ်​ကောင်စီ

ရဲခေါင်/People’s Spring

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(ခိုလမ်) သို့ လက်ရုံးတပ်များ စစ်ကောင်စီက အင်အားဖြည့်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ရလခ(ခိုလမ်) ကို အင်အားဖြည့်တင်းခြင်းသည် မကြာသေးမီက ကျသွားခဲ့သော အရှေ့မြောက်တိိုင်း(ရမခ)လားရှိုးသို့ စစ်အင်အားဖြည့်တင်းရန် သို့မဟုတ် ရလခပါအ တိုက် ခံရပါကခုခံရန် ကြိုတင်ပြင်ဆင်ခြင်းဖြစ်နိုင်သည်ဟု တပ်တွင်းသတင်းရင်းမြစ်အချို့က​ပြောသည်။

တောင်ကြီး ရပခ(အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်)လက်​အောက်ရှိ လက်ရုံးတပ်များထဲမှ ဆသရ(ဆက်သွယ်ရေးတပ်)၊ဆအတ(ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်)နှင့် အဆရ (အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း)များကို ရလခ သို့ရွှေ့နေခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

“တိုင်းတွေထဲမှာ ရလခ က စစ်မဲ့ဇုန် ဖြစ်နေတာပဲ သိကြတာပေါ့။တကယ်သာ တိုက်လာခဲ့ရင် ခိုလမ် မှာအခြေစိုက်တပ် အင်အားထက် လက်နက်ကိုင်အင်အားက ပိုများနေတယ်။ရမခ လိုမျိုးသာ တကယ် တိုက်လာခဲ့ရင် တိုင်းတစ်တိုင်းလုံးပျောက်သွားမှာ”ဟု အထက်ပါတပ်တွင်းသတင်းရင်းမြစ်က ရှင်းပြသည်။

ရလခ (ခိုလမ်)ကို ၂၀၁၂ ခုနှစ်တွင် စစ်တပ်က စတင်ဖွဲ့စည်းအခြေစိုက်ခဲ့ခြင်းဖြစ်ပြီး ထို​ဒေသတွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ စစ်ရေးလှုပ်ရှားမှုများ ရှိ နေသည်။

သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလက် နက်ကိုင်နှစ်ဖွဲ့ဖြစ်သော SSPP နှင့် RCSS တို့သည် စစ် ကောင်စီကို တိုက်ခိုက် ခြင်းမရှိဘဲ ၎င်းတို့နှစ်ဖွဲ့ ကြားတွင်သာ တိုက်ပွဲများ မကြာခဏဖြစ်ခဲ့သည်။ အထူးသဖြင့် RCSS/SSA သည်

စစ်ကောင်စီ ၏ ​ဆွေး​နွေးပွဲများကိုပုံမှန်တက်​ရောက်ပြီး စစ်​ကောင်စီနှင့် ပုံမှန်ထိ​တွေ့​နေ​သောအဖွဲ့ဖြစ်သည်။ရှမ်းတပ် နှစ်ဖွဲ့ဖြစ်​သော RCSS နှင့် SSPP တို့သည် အပစ်ရပ် သ​ဘောတူပြီး​နောက်ပိုင်းတွင်ပင် နှစ်ဖက်တပ်များကြားတိုက်ပွဲငယ်များဖြစ်ပွားခဲ့​သေးသည်။

လားရှိုး(ရမခ)အလုံးစုံ မကျရှုံးမီ ဇူလိုင်လ ၃၀ ရ​က်ကအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) မှ တိုင်းစစ်ဦးစီး ဗိုလ်မှူးချုပ်သန်းထွန်းအောင်ဦးစီးသည့် စစ် ကူယာဥ်တန်းကို တန့်ယန်း နှင့် လားရှိုးမြို့ကြားတွင် MNDAA နှင့် ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ရာနှင့်ချီသေဆုံးဒဏ်ရာရရှိ ခဲ့သည်။

စစ်တပ်၏ စစ်အတိုက်ရဆုံးတိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်​သော ရမခ(လားရှိုး)ကို သြဂုတ် ၃ ရက်တွင် MNDAA ဦး​ဆောင်​သော ပူး​ပေါင်းတပ်များက အပြီးသတ် သိမ်းပိိုက်ခဲ့ရာတွင် စစ်ကောင်စီ၏ ဗိုလ် ချုပ်၊ဗိုလ်မှူးချုပ်အဆင့်ရှိသူများကို ဖမ်းမိခဲ့ပြီး စစ်ကောင်စီ တပ်သား ရာနှင့်ချီ လက်နက်ချအညံ့ခဲ့သည်။

ရမခ ​နှင့် ရလခ တို့မှာအမှတ် (၂)စစ်ဆင်​ရေးအထူးအဖွဲ့ (ကစထ ၂ )လက်​အောက်တွင်ရှိသည်။

ကစထ-၂ သည် ရှမ်းပြည်နယ်မှအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ကြီး)-၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (ကျိုင်းတုံ)၊အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (လားရှိုး)နှင့်အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ခိုလမ်)တို့ကို ကွပ်ကဲရခြင်းဖြစ်သည်။ရမခ ကျပြီး​နောက် ကစထ (၂) မှူး

ဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးအားရာထူးမှ ထုတ်ပယ်ပြီးစစ်​ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ် တာဝန်ထမ်း​ဆောင်ခဲ့​သောဒုတိဗိုလ်ချုပ်ကြီး နီလင်းအောင်ကို စစ်​ကောင်စီကခန့်အပ်ထား​ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

Facebook