ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် ပြည်သူ့ဆက်ဆံရေးနှင့် စည်းရုံးရေးဌာနမှ စစ်မေများအား မြို့ပြအုပ်ချုပ်ရေးယန္တရားလည်ပတ်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ကာ ပို့ချခဲ့ကြောင်း ယနေ့ (ဩဂုတ်၆ရက်)တွင် အသိပေးထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် ၁၀၂၇ ဒုတိယပိုင်း၊ ရှမ်းမန်းစစ်ဆင်ရေးတွင် တအာင်းတပ်မတော်(TNLA)နှင့်ပူးပေါင်း၍ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မိုးကုတ်၊ စဥ့်ကူး၊ မိုးမိတ်၊ နောင်ချို အစရှိသည့်မြို့လေးမြို့အား သိမ်းပိုက်ထားပြီးဖြစ်သည်။