Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ပြည်သူအချို့ ဒဏ်ရာရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မတ္တရာမြို့နယ်၊ ရှင်လှရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့စဥ် ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(သြဂုတ် ၆ရက်) ညနေ ၃ နာရီခန့်တွင် Y-12ဖြင့် မတ္တရာမြို့နယ် အနောက်ခြမ်း မြစ်ကမ်းရိုးတစ်လျှောက်နှင့် ရေလယ်ကျွန်းပေါ်ရွာများပေါ်သို့ ဗုံးသီးအများအပြားကြဲ၍ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“ရှင်လှရွာကို Y-12 နှစ်စီးနဲ့လာပြီး တစ်စီးနဲ့ကြည့်ပြီး နောက်တစ်စီးနဲ့ ဗုံးသီးတွေအလုံး ၈၀ ကျော် ကြဲချတာ။”ဟု ဒေသတွင်းပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် ရှင်လှကျေးရွာမှ (၇၀) အရွယ်အမျိုးသမီးကြီးတစ်ဦးအပါအဝင် အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

မတ္တရာမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှုများ ဟုတ်မှန်ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ရှိသူက အတည်ပြုသည်။

အလားတူ ယမန်နေ့ နေ့လယ်ပိုင်းနှင့် ညပိုင်းကလည်း မတ္တရာမြို့နယ် Alpha ဘိလက်မြေစက်ရုံနှင့် ကျောက်တံတားသို့လည်းကောင်း၊ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အစပ်ကိုလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။ ထိုတိုက်ခိုက်မှုများ၌ ထိခိုက်ပျက်စီးမှုအခြေအနေ မသိရသေးပေ။

အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာအများအပြားမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဩဂုတ် ၁ရက်ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မတ္တရာမြို့နယ် အောင်ချမ်းသာကျေးရွာမှ ပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သုံးဦး သေဆုံးခဲ့ကြောင်း မန္တလေး PDFက အသိပေးထားသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ် ကောင်စီတပ်စခန်း ၇ခု ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး စုစုပေါင်း တပ်စခန်း၃၅ခု သိမ်းပိုက်ရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဇူလိုင်၃၁ တွင် သတင်းထုတ်ပြန်ထားသည်။

အလားတူ မတ္တရာမြောက်ဘက် စဥ့်ကူးမြို့နယ် တွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ၃ရက်အတွင်း ပြည်သူ ၁၄ ဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရကာ နေအိမ်များ၊ စာသင်ကျောင်းနှင့်ပုဂ္ဂလိက ဆေးရုံပါ ထိခိုက်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ