သုည/People’s Spring
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာတွင် သပိတ်အင်အားစုနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ရှစ်လေးလုံးနှစ်ပတ်လည်အကြို အထိမ်းအမှတ် ဆန္ဒပြပွဲကို ယနေ့ (သြဂုတ် ၇) ပြုလုပ်ခဲ့သည်။
ပြည်သူများက “၈၈၈၈ လူထုအရေးတော်ပုံ” ၊ “မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စသည့်စာသားများကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြပွဲကို လက်ပံတောင်းတောင်ပင်မသပိတ်မှ ဦးဆောင်ပြီး မုံရွာ-အမြင့် လမ်းသပိတ်၊ ၅/လက်ပံတောင်း သပိတ်၊ ရွှေဗန့်ကျီသပိတ်စစ်ကြောင်းနှင့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ တို့မှ ပူးပေါင်းပါဝင်ခဲ့သည်။
ထို့အပြင် ဆန္ဒပြသူများ၏ လုံခြုံရေးအတွက် ဆားလင်းကြီးမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့(ပအဖ)၊ (ပလဖ)၊ (ပကဖ)အဖွဲ့ တို့က လိုက်ပါဝန်းရံပေးခဲ့သည်။