Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်ရှိ ကိုင်းတောမရဲစခန်းအား တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကိုင်းတောမရဲစခန်းနှင့်အထိုင်စခန်းအားလုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုင်းတောမရဲစခန်းအား သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - BLDF၊Earthquake People`s Defence Force

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကိုင်းတောမရဲစခန်းနှင့်အထိုင်စခန်းအားလုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ကိုင်းတောမကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းအားလုံးကို တော်လှန်ရေးအင်အားစုများက သြဂုတ် ၃ရက်မှ ၆ရက်အထိ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း၊ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုများကြောင့် ယနေ့ (သြဂုတ် ၇ ရက်)တွင် စစ်ကောင်စီက စခန်းစွန့်ခွာသွားပြီး ကိုင်းတောမရဲစခန်းနှင့်အထိုင်စခန်းအားလုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့က သိမ်းပိုက်လိုက်ကြောင်း တိုက်ပွဲဝင်အဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

“စခန်းအားလုံး သိမ်းလိုက်နိုင်ပါပြီ။ ကိုင်းတောမရွာမှာ ခွေးတွေလုံးဝမရှိတော့ပါဘူး။ စစ်ရေးနဲ့သက်ဆိုင်ရာနေရာတွေကိုတော့မီးရှို့ထားတာရှိတယ်။”ဟု Earthquake People`s Defence Forceအဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သားများသည် သရက်ကန် ပျူစောထီးရွာသို့ ထွက်ပြေးသွားကြောင်း ဒေသကာကွယ်ရေးရဲဘော်အချို့က ပြောသည်။

အဆိုပါ စခန်းများမှ လက်နက်ကြီးခဲယမ်းအချို့အပြင် စစ်အသုံးဆောင်ဆက်စပ်ပစ္စည်းအချို့လည်း သိမ်းပိုက်ရရှိခဲ့သည်။

စတင်တိုက်ခိုက်ခဲ့သည့် ဩဂုတ် ၃ရက်က ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)မှ (၁၇)နှစ်အရွယ်ရဲဘော် ‌မဟောက်နှင့် အညာမြေတပ်ပေါင်းစုမှ (၂၃)အရွယ် ရဲဘော် G Shockတို့ ကျဆုံးခဲ့သည်။

Earthquake people`s defence force၊ ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် (PDA)၊ပြည်သူ့တော်လှန်ရေးတပ်ဦး ( PRF)၊ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)-(အမှတ် ၈၁၅တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ပခုက္ကူစုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊အညာမြေတပ်ပေါင်းစုနဲ့မြိုင်မြို့နယ်ပ.က.ဖ၊ မြိုင်စုဖွဲ့မှုတပ်ရင်း၊ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊၊ Lighting Drone Force, ပခုက္ကူစုဖွဲ့မှု၊ (Young Force. PPDF. ThuRain. HunterPakokku. Earthquake )၊ အညာမြေတပ်ပေါင်းစုနဲ့ မြိုင်မြို့နယ်မှတော်လှန်ရေးအဖွဲ့များ(မြိုင်ပကဖ တပ်ရင်း (၁)တပ်ခွဲ(၄) စက်ြာအဖွဲ့၊ ပေါက် ပလဖ၊ Justice Revolution Force)အစရှိသည့်အဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကိုင်းတောမစခန်းသည် ယခင်ကလည်း PDFများ၏ တိုက်ခိုက်မှု အကြိမ်ကြိမ်ခံရပြီး ယခုအခါ စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

Trending

Facebook