Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီ ဗုံးကြဲ

တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေးကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့နယ်(ပကဖ)ထံမှ သိရသည်။

စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲချခဲ့သည့်နေရာ တနေရာအားတွေ့ရစဥ်။ ဓာတ်ပုံ - တနင်္သာရီ(ပကဖ)

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေးကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြို့နယ်(ပကဖ)ထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေအတွင်းရှိ သကျက်တောင်ဘိန်၊ ဆင် ခေါင်းဘုရားတောင်၊ ဂဏန်းကွင်းရွာ စသည့်ကျေးရွာများကို ယနေ့(သြဂုတ် ၇ ရက်)နေ့လယ် ၂ နာရီခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီမြို့ နယ်(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

လေကြောင်းမှ ပစ်ခတ်ဗုံးကြဲမှုတွင် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်းများ ပျက်စီးဆုံးရှုံးမှု မရှိဟု ကနဦးသိရသော်လည်း ကျွဲထိန်းရွာမှ အမျိုးသားတစ်ဦး ထိခိုက်ခဲ့ပြီး မစိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောသည်။

“အလုံး ၃၀ထက်မနက် လာကြဲသွားတာ။ လေယာဥ်က နှစ်စီးပါ”ဟု တနင်္သာရီ(ပကဖ)မှ တာ ဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီက ရိက္ခာဝယ်ယူမှုကို မြို့ပေါ်နှင့် ကျေးရွာများ၌ ကန့်သတ်ထားပြီး ၎င်းတို့ခွင့်ပြုသလောက်သာ ဝယ်ယူခွင့်ရကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများထံမှ စုံစမ်းသိရသည်။

“အခုလ ပထမပတ်ထဲက ကန့်သတ်ထားတာပါ။ အဓိကတော့ ဆန်၊ ဆီ ဓာတ်ဆီနဲ့ အခြောက်အခြမ်းတွေ ကန့်သတ်ခံရတာပါ”ဟု ဒေသခံပြည်သူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၈ရက်ကစပြီး လယ်သစ်ကျေးရွာဘက်သို့ အင်အား၂၀၀‌ခန့်ဖြင့်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူ‌စောထီးများကို မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူး ပေါင်းစစ်ကြောင်း(၂)မှ သြဂုတ် ၄ရက်အထိတိုက်ခိုက်မှု (၁၁)ကြိမ်လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးများခဲ့သည်။

ဆက်စပ်သတင်းများ

Facebook