Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရှစ်လေးလုံးအကြို စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ရှစ်လေးလုံးအကြို စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၇)အသီးသီး ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်းရှိ ပြည်သူများက ရှစ်လေးလုံးအကြိုအဖြစ် ယမန်နေ့က ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - CJ

သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ရှစ်လေးလုံးအကြို စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ဒီကနေ့ (သြဂုတ် ၇)အသီးသီး ဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ လက်ပံတောင်းတောင်ပင်မသပိတ်၊မုံရွာ-အမြင့် လမ်းသပိတ်၊ ၅/လက်ပံတောင်း သပိတ်၊ ရွှေဗန့်ကျီသပိတ်စစ်ကြောင်းနဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့တို့ ပူးပေါင်းပြီး ရှစ်လေးလုံးနှစ်ပတ်လည်အကြို အထိမ်းအမှတ် ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူတွေက “၈၈၈၈ လူထုအရေးတော်ပုံ” ၊ “မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စတဲ့ ဘန်နာစာသားတွေကို ကိုင်ဆောင်ပြီး အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ဘုတလင်မြို့နယ်မှာလည်း သပိတ်အင်အားစုဝင်တွေက ဦးဆောင်ပြီး ဒေသခံ ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်ကော်မတီဝင်တွေက ၁၀၂၇ စစ်ဆင်ရေးနဲ့ တော်လှန်စစ်လှိုင်းတွေကို အပြည့်အဝ ထောက်ခံကြိုဆိုကြောင်း လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းနဲ့ စစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ဒေသသပိတ်စစ်ကြောင်းက “မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း” စာသားကို ကိုင်ဆောင်ပြီး လူထုဟစ်ကြွေးသံတွေနဲ့ ချီတက်ခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်၊ ဘုတလင်သပိတ်၊ Min Khant Kyaw

ဆက်စပ်သတင်းများ

Facebook