၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း နဲ့ ရှမ်းမန်းစစ်ဆင်ရေးမှာ တော်လှန်ရေးတပ်တွေက နောင်ချို ၊စဥ့်ကူး၊ မိုးကုတ် ၊မိုးမိတ် ၊လားရှိုး ၊ကျောက်မဲမြို့တွေကို ဆက်တိုက် သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
ဒါကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာဆိုရင် စစ်ကောင်စီတပ်ဟာ သီပေါ နဲ့ မူဆယ်မြို့မှာပဲ ကျန်တော့တာဖြစ်ပါတယ်။
မန္တလေးတိုင်းမှာလည်းစဥ့်ကူး ၊မိုးမိတ်မြို့နယ်တွေကိုပါတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပါတယ် ။မတ္တရာမြို့က စစ်တပ်စခန်းပေါင်း ၃၀ ကျော်ကိုထိုးစစ်ဆင်သိမ်းပိုက်ထားသလို အခုဆိုရင် ထိုးစစ်ဟာ ပုသိမ်ကြီးမြို့နယ် အစပ်ထိတိုင်ရောက်လာပြီဖြစ်ပါတယ်။
ဒါ့အပြင်သပိတ်ကျင်းမြို့က စစ်စခန်းအများစုကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပါတယ် ။ ဒါကြောင့် ၁၀၂၇ ဒုတိယလှိုင်းထိုးစစ်ဟာ နောင်ချိုလား ၊မူဆယ်လား၊ပြင်ဦးလွင်လား၊မန္တလေးလား ဆိုတာကို ပြည်သူတွေ စိတ်ဝင်တစားစောင့်ကြည့်နေသလို စစ်ကောင်စီတပ်နဲ့ စစ်တပ်မိသားစုဝင်တွေ စိုးရိမ်သောကများနေကြပြီဖြစ်ပါတယ် ။