Connect with us

Hi, what are you looking for?

သတင်း

လူထုတိုက်ပွဲနှင့် လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ် အရှိန်အဟုန်မြှင့်တင်ကြရန် ABSDFက ရှစ်လေးလုံးနှစ်ပတ်လည်နေ့ကြေညာချက်ဖြင့် တိုက်တွန်း

စခန်းသိမ်းတိုက်ပွဲမတိုင်မီ အချိန်မီ အလင်းဝင်ရောက်ကြရန် စစ်ကောင်စီတပ်နှင့် ရဲများအား တိုက်တွန်း

စစ်ကိုင်းတိုင်းရှိ ပြည်သူများက ရှစ်လေးလုံးအကြိုအဖြစ် ယမန်နေ့က ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ရှစ်လေးလုံး လူလုအရေးတော်ပုံကြီးမှ မပြီးပြတ် သေးသည့် လူထု၏ နိုင်ငံရေးတောင်းဆိုချက်များမှသည် ၂၁ရာစု နွေဦးတော်လှန်ရေး တောင်းဆိုချက်များ အောင်မြင်ရန်အတွက် စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးဖြစ်သည်နှင့်အညီ လူထု တိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ၊ စီးပွားရေး တိုက်ပွဲများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က တိုက်တွန်းတောင်းဆိုလိုက်သည်။

ယနေ့ (ဩဂုတ် ၈ရက်)ကျရောက်သည့် (၃၆)နှစ်မြောက် ရှစ်လေးလုံး(၈.၈.၈၈)လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့တွင် ABSDFက ကြေညာချက်ထုတ်ပြန်ပြီး ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

နွေဦးတော်လှန်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပါယ်ရှိသော လက်တွေ့ကျသော နိုင်ငံရေး အခင်းအကျင်း အသစ်ကို ဦးတည်ဖော်ဆောင်ပေးနေသည့် သမိုင်းစာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပြီး ပို၍ ညီညွတ်သော လက်တွေ့ကျသော စုပေါင်းနိုင်ငံရေး ဦးဆောင်မှုတစ်ရပ်လည်း တည်ဆောက်နိုင်ရန်လိုအပ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံ၌ ရင်ဆိုင်နေရသည့် နိုင်ငံရေးအကြပ်အတည်းအပါအဝင် အကြပ်အတည်းပေါင်းစုံသည် စစ်အာဏာရှင်တို့က ကမကထပြု ဆောင်ရွက်မည့် မည်သည့်နည်းနှင့်မျှ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဖော်ပြကာ ယခုကဲ့သို့ တိုက်ပွဲများ၏ အရှိန်မြှင့်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ABSDFသည် ကချင်၊ စစ်ကိုင်း၊ မကွေး၊ ကရင်၊ မန္တလေးအပါအဝင် ဒေသအသီးသီးရှိ တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိသည်။

ABSDF အပါအဝင် မဟာမိတ်ပူပေါင်းအဖွဲ့များမှ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ် ရဲစခန်းအား ယခုနှစ် ဇူလိုင် ၂၅ရက်တွင် အပြီး သိမ်းပိုက်ခဲ့ရာ တွင်းငယ်ရဲစခန်း စစ်ဆင်ရေး မစတင်ကတည်းက စစ်ကောင်စီ လက်နက်ကိုင်အချို့ ABSDF ထံ လက်နက်နှင့် အလင်းဝင်ရောက်မှုရှိခဲ့သည်ဟု အသိပေးပြီး အလင်းဝင်ရောက်သူများက ဂုဏ်ပြုခဲ့သည်။

ထိုသို့ စခန်းသိမ်းတိုက်ပွဲမတိုင်မီ အချိန်မီ အလင်းဝင်ရောက်ကြရန် စစ်ကောင်စီတပ်နှင့် ရဲများအား တိုက်တွန်းထားပြီး ကျန်ရှိနေသေးသော စစ်ကောင်စီလက်အောက်ခံများကိုလည်း နီးစပ်ရာ တော်လှန်ရေးအင်အားစု အသီးသီးထံသို့ အလင်းဝင်ရောက်ကြပါရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ