Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း​နောက်ပိုင်း SSPP ထိန်းချုပ်လှုပ်ရှားနယ်မြေသို့ ရှောက်ရှိလာ​သော စစ်ရှောင်ပြည်သူ ၁၄၀၀၀ ကျော်ရှိလာ

ညီနောင်မဟာမိတ်များ၏ စစ်ဆင်ရေးကြောင့် ဇွန်လ ၂၅ရက်မှ လက်ရှိအချိန်ထိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ထိန်းချုပ် လှုပ်ရှားရာနယ် မြေဒေသအတွင်း ရောက်ရှိခိုလှုံလာကြသည့် စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း (၁၄၀၀၀) ကျော် ရှိကြောင်း SSPP က သတင်းထုတ်ပြန်သည်။

စစ်​ရှောင်ပြည်သူများကို SSPP/SSA မှတာဝန်ရှိသူများက အကူအညီများသွား​ရောက်​ပေးအပ်စဥ်။ ဓါတ်ပုံ-SSPP Info

ထားမြတ်/People’s Spring

ညီနောင်မဟာမိတ်များ၏ စစ်ဆင်ရေးကြောင့် ဇွန်လ ၂၅ရက်မှ လက်ရှိအချိန်ထိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ထိန်းချုပ် လှုပ်ရှားရာနယ် မြေဒေသအတွင်း ရောက်ရှိခိုလှုံလာကြသည့် စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း (၁၄၀၀၀) ကျော် ရှိကြောင်း SSPP က သတင်းထုတ်ပြန်သည်။

SSPP ဌာနချုပ်သို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်များကို SSPP/SSA မှ စားနပ်ရိက္ခာများ သွားရောက်ကူညီထောက်ပံ့ပေးသည့် သတင်းဖော်ပြရာ၌ အထက်အတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှ စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် တပ်များဖြစ်ကြ​သော တအာင်းတပ်ဖွဲ့ (TNLA) ၊ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများသည် သြဂုတ်လ (၇) ရက်နေ့ အထိ စစ်ရေး ပြင်းထန်နေလျက်ရှိပြီး အဆိုပါ စစ် ဆင်ရေးကြောင့် SSPP နယ်မြေအတွင်း ရောက်ရှိလာသည့် စစ်ရှောင်များကို အကူအညီများ ပေးလျက်ရှိသည်ဟု ဆိုသည်။

SSPP/SSA ထိန်းချုပ် လှုပ်ရှားရာ နယ်မြေဒေသအတွင်း ရောက်ရှိခိုလှုံနေကြသည့် စစ်ဘေးရှောင်ပြည်သူများအ တွက် SSPP/SSA တပ် အပြင် ရှမ်းလူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးအစုအဖွဲ့များ နှင့် ပြင်ပအဖွဲ့အစည်းများကိုပါ ချိတ်ဆက်ပြီး စစ်ဘေးရှောင်များ အတွက် ကျန်းမာ ရေး၊ စားဝတ်နေရေး နှင့် နေရာထိုင်ခင်းရရှိရေးများ နှင့် ဝင်ငွေများ ရရှိရေးအတွက် ကူညီထောက်ပံ့ပေးမှုများ လုပ် ဆောင်ပေးနေကြောင်းထုတ်ပြန်သည်။

ထိုသို့ ကူညီပေးရာတွင် SSPP/SSA ဌာနချုပ် တည်ရှိရာ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းသို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင် ပြည်သူ များကို SSPP/SSA မှ ဩဂုတ် ၆ရက်တွင် စားနပ်ရိက္ခာများ သွားရောက်ကူညီ ထောက်ပံ့ပေးကြောင်း သိရသည်။

SSPP ဌာနချုပ်ရှိရာဒေသအတွင်းစစ်ရှောင်ထွက်ပြေးလာကြသည့် ပြည်သူများသည်လားရှိုးမြို့နယ်မှ ဒေသခံများ၊ မိုင်းရယ်မြို့နယ်မှ ဟိုယကျေးရွာ၊ မန်ဖြတ်ကျေးရွာ စသည့် ဒေသတို့မှ ဒေသခံများဖြစ်ကြပြီး စုစုပေါင်း (၃၂၂) ဦး ရှိသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

Facebook