Connect with us

Hi, what are you looking for?

သတင်း

ဂျပန်နှင့် ဖိလစ်ပိုင်ရောက်မြန်မာများ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာများက စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့ (သြဂုတ် ၉) အသီးသီး ဆန္ဒပြခဲ့ကြသည်။

သုည/People’s Spring

ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာများက စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့ (သြဂုတ် ၉) အသီးသီး ဆန္ဒပြခဲ့ကြသည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံးရှေ့တွင် မြန်မာများက ရှစ်လေးလုံး (၃၆)နှစ်မြောက် အထိမ်းအမှတ်အဖြစ် “ဥပဒေကို စစ်ကျွန်ပြု သွေးစွန်းလက်နဲ့ ထီးတော်မတင်နဲ့” ၊ “ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး”၊ “အားလုံးစုစည်းနေရင် ဘာမှမဖြစ်” စာသားများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီထံသို့ အိတ်ဖွင့်ပေးစာကိုလည်း သံရုံးစာတိုက်ပုံးအတွင်းသို့ ထည့်ခဲ့ကြကြောင်း Revolution Tokyo Myanmar က ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးရှေ့တွင်လည်း မြန်မာများစုပေါင်း၍ အမျိုးသားညီညွတ်ရေးအစိုး(NUG)ကို အသိအမှတ်ပြုရေး လှုံ့ဆော်ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ – RTM ၊ CJ

ယင်းဆန္ဒပြပွဲကို ဖိလစ်ပိုင်-မြန်မာအသင်း၊ ဖိလစ်ပိုင်အလုပ်သမားအဖွဲ့၊ ဖိလစ်ပိုင် Trade Union အဖွဲ့တို့မှ တာဝန်ရှိသူများ ဦးဆောင်ကာ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့သို့ ချီတက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ပြန်သွားရန်နှင့် NUGအစိုးရကို အသိအမှတ်ပြုရန်လည်း တောင်းဆိုဆန္ဒပြခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနထံသို့ NUG အစိုးရကို အသိအမှတ်ပြုရေး တောင်းဆိုစာကိုလည်း ပေးအပ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

Facebook