Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းရှိ ခလရ(၁၄၈)တပ်ရင်းအပါအဝင် တပ်စခန်းသုံးခု မန္တလေး PDF ထပ်မံသိမ်းပိုက်

သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ​၏ ခလရ (၁၄၈)တပ်စခန်းအပါအဝင် တပ်စခန်းသုံးခု ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(သြဂုတ်၁၀ရက်)ညနေပိုင်းတွင် ထုတ်ပြန်သည်။

သိမ်းပိုက်ရရှိခဲ့သော တပ်စခန်းနှင့် မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-MDY_PDF

ဇေအောင်/People’s Spring

သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ​၏ ခလရ (၁၄၈)တပ်စခန်းအပါအဝင် တပ်စခန်းသုံးခု ထပ်မံသိမ်းပိုက်ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(သြဂုတ်၁၀ရက်)ညနေပိုင်းတွင် ထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ်ရှိ ခလရ(၁၄၈)တပ်ရင်း၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျကျေးရွာရှိ တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သိမ်းပိုက်ရရှိခဲ့သော တပ်စခန်းနှင့် မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-MDY_PDF

မန္တလေး PDFသည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကွင်း၃၀ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်းနဲ့ ဖက်ရှည်ရွာ တပ်စခန်းများကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီတပ်စခန်း စုစုပေါင်း(၈)ခု သိမ်းပိုက်ရရှိထားကြောင်းမန္တလေး PDFက အသိပေးသည်။

သပိတ်ကျင်းမြို့နယ်ရှိ အင်းနက်ရွာ စစ်ဆေးရေးဂိတ်နှင့် စခန်းကုန်း၊ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်း၊ ချောင်းကြီးစခန်း

သိမ်းပိုက်ရရှိခဲ့သော တပ်စခန်းနှင့် မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ-MDY_PDF

များကိုလည်း PDFများက ဇူလိုင်လကုန်ပိုင်းက သိမ်းပိုက်ရရှိထားသည်။ ထိုစခန်းသိမ်းတိုက်ပွဲများတွင်လည်းစစ်သုံ့ပန်းနှင့်ခဲယမ်းများပါ ရရှိထားသည်။

သပိတ်ကျင်းမြို့နယ်သည် အရှေ့ဘက်တွင် မိုးကုတ်၊ မဘိမ်း၊ မိုးမိတ်မြို့နယ်၊ မြောက်ဘက်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ တောင်ဘက်တွင် စဥ့်ကူးမြို့နယ်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်ခြား၍ စစ်ကိုင်းတိုင်း၊ ကန့်ဘလူနှင့်ခင်ဦးမြို့နယ်တို့နှင့် ထိဆက်နေပြီး စစ်ရေးအရအရေးပါသောဒေသတစ်ခု ဖြစ်သည်။

ဓာတ်ပုံ-MDY_PDF

ထို့အပြင် သပိတ်ကျင်းမြို့နယ်ရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များအား မန္တလေး PDFကဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်းကျောက်ကြီးမြို့နယ်၊အုန်းပင်စုရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးကွန်မန်ဒိုတပ်ရင်း P29914က ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းကို စစ်တပ်က ဒီက​နေ့နံနက်မှာ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ​တွေက ပြောပါတယ်။

သတင်း

ဇွန်-၆၊၂၀၂၅။ထားမြတ်/People’s Spring မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌၊ကျက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲခဲ့၍ သံဃာတပါး ပျံလွန်တော်မူခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။ ဇွန်လ၅ရက်ညနေ ၅နာရီ ၁၇မိနစ်အချိန်တွင်တံတားဦးတက်ဂျက်ဖိုက်တာတစ်စီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ရာဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုဖော်ပြသည်။ စစ်ကောင်ဆီကငလျင်ဘေးအကြောင်းပြပြီးအပ စ်အခတ်ရပ်စဲရေး ကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးထားပြီးနောက်သပိတ်ကျင်းမြို့နယ်ကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ Public...

သတင်း

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာအား မေလ ၁၈ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ပြင်ဦးလွင်ခရိုင် ပကဖ