Connect with us

Hi, what are you looking for?

သတင်း

ရည်မှန်းထားသောစစ်ရေးပစ်မှတ်များ၏ ၈ဝ ရာခိုင်နှုန်းခန့်ကို ​အောင်မြင်အောင်ဖော်ဆောင်ထားဟု မန္တလေး PDF ထုတ်ပြန်

ပူးပေါင်းတိုက်ပွဲဝင်နေသော မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့ ၂၀ကိုကျေးဇူးတင်ဂုဏ်ပြု​ကြောင်းကြေညာ

ဇေအောင်/People’s Spring

ရည်မှန်းထားသော စစ်ရေးပစ်မှတ်များ၏ ၈ဝ ရာခိုင်နှုန်းခန့်ကို ​အောင်မြင်အောင်ဖော်ဆောင် ထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တ​လေး)က ယနေ့(သြဂုတ်၁၂ရက်)တွင် ထုတ်ပြန်ကြေညာသည်။

မန္တ​လေး PDF သည် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးတို့တွင် ဟန်ချက်ညီညီတိုက်ပွဲဝင်လျက်ရှိပြီး ရည်မှန်းထားသော စစ်ရေးပစ်မှတ်များ၏ ၈ဝရာခိုင်နှုန်းခန့်ကို ​ပေါက်မြောက်အောင်မြင်အောင် ဖော်ဆောင် ထားနိုင်ပြီဖြစ်ကြောင်း မန္တ​လေးPDFက အသိပေးသည်။

စစ်ဆင်ရေးများကို အောင်မြင်အောင် ဖော် ဆောင်နိုင်ခြင်းသည် မန္တ​လေးPDFနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသော မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးပါသောနေရာမှ ပါဝင်နေကြောင်း မန္တ​လေးPDFက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

မန္တ​လေးPDFနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ၏ ဟန်ချက်ညီညီထိုးစစ်ဆင်မှုများကြောင့် စစ်ကောင်စီသည် အထိနာကျရှုံးမှုများ ရင်ဆိုင်နေရပြီး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များသည် မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်နှင့်စဥ့်ကူးမြို့နယ်များအပါအဝင် နယ်မြေအများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် မန္တ​လေး PDFအနေဖြင့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးတို့တွင် ပူးပေါင်းတိုက်ပွဲဝင်နေသော မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါကြောင်းနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်လက်တွဲဆောင်ရွက်သွားရန်အသင့်ရှိကြောင်း ထုတ်ပြန်သည်။

မိတ်ဖက်တော်လှန်ရေးတပ်ဖွဲ့များကိုလည်း အသိပေးခဲ့ရာ ကျောက်ဆည်ခရိုင်တပ်ရင်း(၁)၊ ကျောက်ဆည်ခရိုင်တပ်ရင်း(၂)၊ မြင်းခြံခရိုင်တပ်ရင်း(၄)၊ မတ္တာရာမျိုးမှန်တပ်ဖွဲ့၊ ညောင်ဦးခရိုင်တပ်ရင်း(၃)၊ ရွှေဘိုခရိုင်တပ်ရင်း(၃)၊ ရွှေဘိုခရိုင်တပ်ရင်း(၇)၊ ရွှေဘိုခရိုင်တပ်ရင်း(၈)၊ ရွှေဘိုခရိုင်တပ်ရင်း(၁၀)၊ ရွှေဘိုခရိုင်တပ်ရင်း(၁၄)၊ ရွှေဘိုခရိုင်တပ်ရင်း(၁၅)၊ ရွှေဘိုခရိုင်တပ်ရင်း(၁၆)၊ ရွှေဘိုခရိုင်တပ်ရင်း(၁၈)၊ ရွှေဘိုခရိုင်တပ်ရင်း(၂၃)၊ ရွှေဘိုခရိုင်တပ်ရင်း(၂၅)၊ ရွှေဘိုခရိုင်တပ်ရင်း(၂၆)၊ ရေစကြိုဒေါင်းညီနောင်တပ်ဖွဲ့၊ ဝက်လက်ဒေါင်းနီတပ်ဖွဲ့၊ စဥ့်ကိုင်တော်လှန်ရေးတပ်ဖွဲ့၊ တလုပ် PDFတပ်ဖွဲ့၊ National Liberation Army(NLA)တမူးတို့ ပါဝင်သည်။

မန္တလေး PDFသည် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စုစုပေါင်း တပ်စခန်း၉ခုအထိ သိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရှိန်း/People’s Spring ရှမ်းမန်းစစ်ဆင်​ရေး (ဒါမှမဟုတ်) ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်း မှာသိမ်းပိုက်ထိန်းချုပ်ခဲ့တဲ့ မတ္တရာမြို့နယ်အ​ရှေ့ခြမ်းကို တော်လှန်ရေးတပ်တွေ နိုဝင်ဘာလ၂၄ရက်နေ့ညက ပြန်လည်လက်လွှတ်လိုက်ရပါတယ်။ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)နဲ့ မဟာမိတ်တပ်​တွေက ၂၀၂၄ ဇွန်လ ၂၅ ရက်က​နေ သြဂုတ်လအထိ့၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ မတ္တရာမြို့နယ်အ​ရှေ့ခြမ်း ၊ပုသိမ်ကြီးမြို့နယ်အစပ်အထိ စစ်စခန်း​ပေါင်း ၄၀ ခန့်...

သတင်းဆောင်းပါး

အ​ခြေအ​နေ​တွေကိုTNLAအနေနဲ့လူထုကိုရှင်းလင်း​ပြောကြားပေး​စေလို​ကြောင်းပြည်သူတွေ​ပြော

သတင်း

မန္တလေးတိုင်းဝန်ကြီးချုပ် ဟောင်းဦးမောင်ကို က သူလုပ်ခွင့်ရထားတဲ့ ဖယောင်းတောင်ရွှေလုပ်ကွက်ပြန်ရဖို့ ​စစ်​ကောင်စီကို လေယာဥ်ဆီဖိုးပါ​ပေး​ထား

သတင်း

People’s Spring “မင်း​အောင်လှိုင်က သိပ်မကြာခင်မှာ ကျပါလိမ့်မယ်။ တရုတ်ကြီးက အသက်ကယ်​ဆေး ဘယ်နှစ်​ချောင်းပဲ ထိုးထိုးပါ။ သိပ်မကြာပါဘူး သူ ဘယ်​လောက်ခံနိုင်မလဲ​ပေါ့​လေ။ ၆ လခံ ထိုးထားလား၊ ၁ နှစ်ခံ ထိုးထားလားတော့ကျွန်​တော်မ​ပြောတက်ဘူး ။​သေချာတာတစ်ခုက​တော့ ၂၀၂၅ က ကျွန်​တော်ထင်တယ် သူကုန်ဆုံးမယ့် Date...