Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်အ​ရှေ့ခြမ်းမှာ တိုက်ပွဲ​တွေဆက်ဖြစ်

မန္တလေးတိုင်းဝန်ကြီးချုပ် ဟောင်းဦးမောင်ကို က သူလုပ်ခွင့်ရထားတဲ့ ဖယောင်းတောင်ရွှေလုပ်ကွက်ပြန်ရဖို့ ​စစ်​ကောင်စီကို လေယာဥ်ဆီဖိုးပါ​ပေး​ထား

မတ္တရာမြို့နယ်အ​ရှေ့ပိုင်း​မြေပုံ

ရှိန်း/People’s Spring

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တလကျော်အကြာအထိတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်ကလေယာဉ်ပစ်ကူသုံးပြီးထိုးစစ်ဆင် နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တချို့က​ပြောပါတယ်။

မတ္တရာမြို့နယ်၊ကျောက်တံတားကျေးရွာအနီး ကျေးရွာတွေကိုလည်းပြန်လည်ရယူဖို့စစ်တပ်ဘက်ကထိုးစစ်ဆင်တာတွေပြုလုပ်နေသလို တော်လှန်ရေးတပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ် နေတယ်လို့သိရပါတယ်။

မတ်လ ၂ ရက်​​နေ့ညပိုင်းကလည်းထန်းပင်ကုန်းရွာနဲ့ကျပ်ပြင်ရွာ တွေဘက်ကနေ ပစ်ခတ်သံတချို့ကြားရပြီး မတ်လ ၃ ရက် မနက်၁၁နာရီလောက်မှာ စစ်တပ်က လေယာဉ်နဲ့သုံးကြိမ်ဗုံးကျဲခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်ခံရမှုမှာထိခိုက်မှုအခြေအနေကို တော့မသိရ သေးပါဘူး။

“အဲဒီမှာ ပွိုင့်ကုန်းတွေရှိတယ်။အဲဒီကနေ သူ့ဘက် ကိုယ့်ဘက် ခဏခဏဖြစ် နေတာပဲ။အခုရက်ပိုင်းစစ်တပ်က ပိုပြီးထိုးစစ်ဆင်လာတာတွေ့ရတယ်”လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တိုက်ပွဲတွေရဲ့အခြေအနေကိုတော့ မသိရ​သေးပါဘူး။တိုက်ပွဲတွေဖြစ်ပြီး နာရီပိုင်းအတွင်း စစ်တပ်က လေယာဉ်ပစ်ကူလာသလို၊ဒရုန်း၊လက်နက်ကြီးပစ်ကူ‌ တွေလည်းပေး လေ့ရှိတယ်လို့သူကဆက် ပြောပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းကိုပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)MDY-PDFက ဦး ဆောင်သိမ်းယူထားပါတယ် ။ မန္တ​လေး-PDF က၂၀၂၄ ဇွန်လမှာစတင်တဲ့ ၁၀၂၇ ဒုတိယလှိုင်း (​ခေါ်) ရှမ်းမန်းစစ်ဆင်​ရေးမှာ မတ္တရာမြို့နယ် အ​ရှေ့ခြမ်းကလေ​ကြောင်းရန်ကာကွယ်​ရေးတပ်စခန်း ၊မတ္တရာ ဆည်​တော်ကြီး စခန်း ၊ Alpha ဘိလပ်​မြေစက်ရုံ​စောင်တပ် ၊ ဖယောင်း တောင် ရွှေလုပ်ကွက် စခန်းအပါအဝင် စစ်စခန်း​ပေါင်း( ၄၀ ) ခန့်ကိုသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဟောင်းဦးမောင်ကို နှစ်ရှည်လုပ်ခွင့်ရထားတဲ့ ဖယောင်း တောင် ရွှေလုပ်ကွက်ကိုPDF ​တွေက သိမ်းပိုက်ထိန်းချုပ်ထားတာမို့ ​ဦး​မောင်ကိုဟာ ရွှေလုပ်ကွက်ပြန်လည်ရယူဖို့အတွက် လေယာဉ်ဆီကုန်ကျစရိတ်ကိုဟာ စစ်​ကောင်စီကို စိုက်ထုတ် ပေး နေတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းရ

သတင်း

စစ်တပ်ကဆယ်ချီထပ်မံသေဆုံးပြီးအင်အားဆက်တိုက်ဖြည့်နေ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။