Connect with us

Hi, what are you looking for?

သတင်း

အမျိုးသမီးသံအမတ်တစ်ဦးကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် တရုတ်ခန့်အပ်

စစ်​ကောင်စီက တရုတ်မုန်းတီး​ရေး လှုံ့​ဆော်မှုများပြုလုပ်​နေချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ်အဖြစ် မစ္စမာကျားအား တရုတ်နိုင်ငံ၏ အဆိုပြုချက်အပေါ် အာဏာသိမ်းစစ်ကောင်စီက သဘောတူပြီးဖြစ်ကြောင်း သိရသည်။

အီယိုရီ/People’s Spring

စစ်​ကောင်စီက တရုတ်မုန်းတီး​ရေး လှုံ့​ဆော်မှုများပြုလုပ်​နေချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ်အဖြစ် မစ္စမာကျားအား တရုတ်နိုင်ငံ၏ အဆိုပြုချက်အပေါ် အာဏာသိမ်းစစ်ကောင်စီက သဘောတူပြီးဖြစ်ကြောင်း သိရသည်။

တရုတ်သံအမတ်အဖြစ် ၅နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ မစ္စတာချန်ဟိုင်းသည် ဇူလိုင်လဆန်းတွင် တာဝန်ပြီးဆုံးသဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွါသွားပြီးနောက် ၁လ​ကျော်အကြာတွင် တရုတ်က အမျိုးသမီးသံအမတ်တစ်ဦးကို ခန့်အပ်တာဝန်ပေးခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တရုတ်နယ်စပ် ရှမ်းပြည်မြောက်ပိုင်းတွင်တော်လှန်ရေးတပ်များက အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် မြို့များကို ဆက်တိုက် သိမ်းပိုက်​နေရာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်များက တရုတ်ဆန့်ကျင်ရေးအရှိန်မြှင့်လုပ်ဆောင်နေချိန် တရုတ်က သံအမတ်တစ်ဦးကို ခန့်အပ်လိုက်ခြင်းလည်း ဖြစ်သည်။

အမျိုးသမီးသံအမတ်ဖုစ်သည့် မစ္စမာကျားသည် အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်သံမှူးကြီးနှင့် သံအမတ်အဖြစ် ၂၀၁၉ မှ ယခုအချိန်အထိ တာဝန်ထမ်းဆောင်နေကာ ၁၉၉၅-၉၈ ကာလတွင် မြန်မာနိုင်ငံ တရုတ်သံရုံး၌ တတိယအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။

အထက်ပါတရုတ်သံအမတ်သည် ပါကစ္စတန်၊ ဂျပန်၊ စင်ကာပူ၊ ဗြိတိန်၊ မြောက်အိုင်ယာလန်၊ မလေးရှားနိုင်ငံများသို့ သံတမန်ရာထူးအဆင့်ဆင့် သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည်ကို တွေ့ရသည်။

တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက် တက်တက်ကြွကြွတိုက်တွန်းသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တတ်စွမ်းသမျှပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

သို့​​သော်သြဂုတ် ၈ ရက်တွင်တရုတ်၏ ကမကထပြုမှုဖြင့် ညီ​နောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်​ကောင်စီကြား ဟိုက်ဂင်​​ဆွေး​နွေးပွဲကိုတရုတ်တွင်ပြုလုပ်ရန် စီစဥ်ခဲ့​သော်လည်း စစ်ရှုံး​နေသည့် စစ်​ကောင်စီက

ရှမ်း​မြောက်အ​ရေးအာရုံစိုက်ရန်အ​ကြောင်းပြပြီး မတက်သဖြင့် ​ဆွေး​နွေးပွဲပျက်ခဲ့သည်။ ထို​နောက် သြဂုတ် ၈ ရက်တွင် တရုတ်အထူး ကိုယ်စားလှယ်သည် ​နေပြည်​တော်သို့လာ​ရောက်၍ အာဏာသိမ်း​​​ခေါင်း​ဆောင်နှင့် ​ဆွေး​နွေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook