Connect with us

Hi, what are you looking for?

သတင်း

နမ့်ဆန်မြို့ကို စစ်ကောင်စီ ဗုံးကြဲ

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့ကို စစ်ကောင်စီက ယမန်နေ့(သြဂုတ် ၁၂ရက်) ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

၂၀၂၄ ဇန်နဝါရီ ၇ရက်က စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် နန့်ဆန်မြို့ မြို့သစ်ကျေးရွာနေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TWO

မိထက်၊ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့ကို စစ်ကောင်စီက ယမန်နေ့(သြဂုတ် ၁၂ရက်) ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ည ၁၁နာရီ၄၁မိနစ်တွင် တစ်ကြိမ်၊ ၁၁နာရီ၄၅မိနစ်တွင် တစ်ကြိမ်၊ ၁၁နာရီ၅၁မိနစ်တွင် တစ်ကြိမ် စုစုပေါင်းသုံးကြိမ် လာရောက်ပြီး ဂျက်လေယာဥ်ဖြင့် ဗုံးခြောက်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဟု TNLAက သတင်းထုတ်ပြန်ထားသည်။လူထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုအခြေအနေများအား ထပ်မံဖော်ပြသွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

TNLAသည် နမ့်ဆန်မြို့ကို ၁၀၂၇စစ်ဆင်ရေးပထမပိုင်းအတွင်း သိမ်းယူခဲ့ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဖြစ်သည်။

ယခုအခါ TNLA က စစ်ကောင်စီထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းမှ မြို့များကို ၁၀၂၇စစ်ဆင်ရေးအပိုင်း(၂) အဖြစ်ဆက်လက်တိုက်ခိုက်နေပြီး ကျောက်မဲ၊ မိုးကုတ်၊မိုးမိတ်မြို့တို့ကို ထပ်မံသိမ်းယူထားသည်။

သီပေါမြို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

စစ်ကောင်စီသည် ၁၀၂၇စစ်ဆင်ရေးအပိုင်း(၂)တွင် အထိနာနေစဉ် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မြို့များကို လေကြောင်းမှ မကြာခဏတိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook